အပိုင်း(၁၄)

5.4K 561 13
                                    

[Unicode]

ရှောင်းကျန့်ခြံထဲပြန်၀င်လာတော့ မျန်မျန်က ထမင်းစားခန်းမှာ ထမင်းတောင်စားနေပြီ ရှောင်းကျန့်လဲ ထမင်းစားပွဲမှာမြန်မြန်၀င်ထိုင်လို့ ဒေါ်ကြီးလီကို သူ့အတွက်ထမင်းပြင်ခိုင်းရတယ် ဦးလေးယွီခရီးသွားတည်းက ထမင်းစားချိန်ဆိုရှောင်းကျန့်ကတစ်ယောက်တည်း မျန်မျန်က သူစားချင်တဲ့ချိန်မှထစားတာ ခုတော့ မျန်မျန်နဲ့တူတူထမင်းစားချင်တာမို့ ထမင်းစားချိန်တစ်ယောက်တည်းစားရတဲ့ခံစားချက်က နည်းနည်းအထီးကျန်ဆန်တယ်လို့ခံစားရလို့ ဟိုးအရင်တည်းက ကျောင်းမှာတစ်ယောက်တည်းစားပေမယ့် ဒီလိုညစာစားချိန်တွေမှာတော့ ဦးလေးယွီရယ် ကျဲရယ် သူရယ်က တူတူစားနေကြလေ

ဒေါ်ကြီးလီက ထမင်းပြင်ပြီးသူ့ရှေ့လာချပေးတော့ သူလည်းထမင်းပဲစားနေလိုက်တယ် ထမင်းစားချိန်ဆို ကျဲက စကားမပြောတတ်တာမို့ သူကလည်း ကျဲနဲ့ထမင်းတူတူစားချင်ရုံလေးမို့ ထမင်း၀ိုင်းလေးကတော့တိတ်ဆိတ်လို့ပေါ့

ဒီတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တာကတော့ မျန်မျန်

"နင်က ဘယ်လိုလုပ် သူငယ်ချင်းရသွားတာလဲ"

ရှောင်းကျန့်က ထမင်းစားနေရင်း မျန်မျန့်စကားကြောင့် မျက်လုံးလှန်ကြည့်တယ် ဒါက မျန်မျန်သူ့ကိုစကားစပြောတာပဲ ထမင်းစားရင်းနဲ့တောင်လေ

"၀မ်ရိပေါ်က သားနဲ့ခင်ရအောင်လို့ အရင်လာစပြောတာလေ ဟီး တကယ်တော့ သားက သူနဲ့အစတည်းက သူငယ်ချင်းဖြစ်ချင်ခဲ့တာ"

"သြော် "

"သား သူ့ကို သဘောကျတယ်"

"အင်း"

"သူငယ်ချင်းထက်ပိုပြီး "

"ဟင်"
ဒီတစ်ခါမျက်လုံးလှန်ကြည့်လာတာကမျန်မျန်

"သားက သူ့ကို ချစ်တယ်"

"ဘယ်လို"

"ဟုတ်တယ် ဘယ်တည်းကလဲ မသိပေမယ့် သားသူ့ကိုချစ်တယ် ကျဲကျဲ"

"နင်က ယောကျာ်းလေးတွေကို သဘောကျတာလား ရှောင်းကျန့်"

"သဘောကျလို့မရဘူးလားဟင် ကျဲကျဲ"

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now