အပိုင်း(၁၃)

5.5K 582 2
                                    

[Unicode]

လူသွားလူလာရှင်းနေတဲ့လမ်းမကြီးတစ်ခုမှာ အစိမ်းရောင်ဆိုင်ကယ်လေးတစ်စီးကပုံမှန်အရှိန်နှုန်းလေးနဲ့မောင်းနှင်နေတယ် weekend dayဖြစ်တာကြောင့် ရုံးသွားရုံးလာတွေနဲ့ကျောင်းသွားကျောင်းလာတွေမရှိတာမို့ လမ်းမထက်မှာပုံမှန်နေ့ရက်တွေထက်အသွားအလာအတော်လေးရှင်းတယ် အစိမ်းရောင်ဆိုင်ကယ်လေးရဲ့ဦးတည်ရာကတော့ မြို့အစွန်းဘက်နားမှာရှိတဲ့ ယွီအိမ်တော်ဆီသို့~~

ယွီအိမ်တော်ခြံရှေ့မှာအစိမ်းရောင်ဆိုင်ကယ်လေးက အရှိန်လျော့လို့ ဖြေးညှင်းစွာရပ်တယ် ပြီးတော့အစိမ်းရောင်ဆိုင်ကယ်ပေါ်ကကောင်လေးက ဆိုင်ကယ်ဦးထုပ်ကိုချွတ်ပြီး ပွရောင်းနေတဲ့ဆံပင်တွေကိုလက်ဖ၀ါးနဲ့ အပေါ်ကိုသပ်ချလို့ ခါရမ်းလိုက်တယ် ပြီးတော့ဆိုင်ကယ်ပေါ်ကဆင်းလို့ ခြံရှေ့တံခါးမှာရပ်ရင်း အထဲကိုလှမ်းကြည့်လိုက်တယ်
ခြံထဲကအရိပ်ရတဲ့သစ်ပင်ကြီးအောက်မှာ ခုံလေးတွေချထားပြီး ခုံပေါ်မှာထိုင်လို့ ခေါင်းလေးကုတ်လိုက် ဖောင်တိန်လေးကိုက်လိုက်နဲ့ စာလုပ်နေတဲ့ ကောင်လေးကိုတွေ့တဲ့အခါ ခြံရှေ့ကကောင်လေးကတစ်ချက်ပြုံးလိုက်ပြီး စာလုပ်နေတဲ့ကောင်လေးကိုလှမ်းခေါ်လိုက်တယ်

"ရှောင်းကျန့်"

ရှောင်းကျန့်အသံလာရာကြည့်မိတော့ ခြံရှေ့မှာရပ်နေတဲ့ ၀မ်ရိပေါ်
ရှောင်းကျန့်လည်း ခြံတံခါးနား အမြန်ပြေးသွားလိုက်တယ်

"၀မ်ရိပေါ် ဘယ်လိုလုပ်ရောက်လာတာလဲ"

"ဆိုင်ကယ်မောင်းပြီး ရောက်လာတာလေ"

"အာ ငါ ငါပြောချင်တာက ငါ့အိမ်ကိုဘယ်လိုသိပြီး ရောက်လာတာလဲလို့"

ရှောင်းကျန့်က ခြံတံခါးသံတိုင်ကို လက်လေးနှစ်ဖက်နဲ့ဆုပ်ကိုင်လို့ ၀မ်ရိပေါ်ရဲ့အဖြေကို စိတ်၀င်တစားစောင့်နေတယ်

"ဒီတိုင်း ကျောင်းပိတ်ရက်တွေမင်းကိုတွေ့ချင်ရင် လာလည်လို့ရအောင်စုံစမ်းထားတာ"

ယွီအိမ်ရဲ့ဘေးခြံက သူ့အဘိုးအဘွားတွေဆီအလည်လာရင်း သိသွားတာဆိုတဲ့အကြောင်းကိုတော့ မပြောလိုက် သူကအကိုထျန်းရန်ရဲ့ ညီ၀မ်းကွဲဆိုတာကို မသိစေချင်တာမို့

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now