Accidental Mark

1.9K 81 13
                                    

အကြည်ဓာတ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်

Title : Accidental Mark | 意外标记
Author : Die Zhiling | 蝶之靈
Chapters : 95

Pei Shaoze ဟာ အသက်သုံးဆယ်ရှိပြီး ‌ဖျော်ဖြေရေးလောကရဲ့ အမြော်မြင်ရှိဆုံးရင်းနှီးမြှပ်နှံသူဖြစ်တယ်။ တစ်နေ့မှာ သူက သူ့ညီမလေးပြောပြတဲ့ Accidental Mark ဆိုတဲ့ ABO Novel ထဲကိုရောက်သွားတယ်။

အဲ့ဒီ Novel ကတကယ့်ခွေးသွေးဝတ္ထု။ သူနဲ့နာမည်တူတဲ့ Scum Gong - Pei Shaoze က MC လေး Cheng Xia ကို အနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်ခဲ့လို့ Shouလေးကအိပ်မက်တွေရော မိသားစုကိုပါဆုံးရှုံးခဲ့ရတယ်။ အဆုံးမှာ Shou က Gongကိုကလဲ့စားချေကာအသေသတ်ပစ်ခဲ့တယ်။ ဇာတ်လမ်းက အဲ့ဒီလိုမျိုး ~

Pei Shaoze ဝတ္ထုထဲရောက်တော့ သူလုပ်ချင်တာတစ်ခုက ဒီကောင်လေးကိုကာကွယ်ပေးပြီး ထိပ်ဆုံးရောက်အောင်ပျိုးထောင်ပေးမယ်ဆိုတာပဲ~

🍊🍊🍊

အပေါ်မှာပြောထားသလို ဒီnovelလေးက တကယ့်အကြည်ဓာတ်လေးရယ်။ Gong ကြီးကလေ သူ့ကလေးကို သားလေး၊ ညီလေး၊ တူလေးလိုစောင့်ရှောက်ပေးပြီး သူ့ကလေးရှေ့ရေးမှာအထိအခိုက်ဖြစ်စေမယ့် ဘယ်လိုကိစ္စမျိုးမဆိုတားဆီးပေးတာ။ ပြောရရင် သူ့ကလေးနာမည်ပျက်မှာစိုးလို့ စပွန်စာပေးတာမျိုးမဖြစ်စေပဲ ရှေ့ကနေလမ်းဖွင့်ပေးတာမျိုး~

Pei Shaoze က တကယ့် Alpha Material ကြီး။ Cheng Xia အပေါ်ကိုလေးစားတယ်၊ ယုံကြည်တယ်၊ တမြတ်တနိုးထားတယ်၊ ဂေါ်ဖီထုပ်လေးလိုမျိုး တယုတယပျိုး‌ထောင်တယ်... ဂေါ်ဖီထုပ်လေးကိုတူးမယ့်ဝက်ကြီးကသူကိုယ်တိုင်ဖြစ်ပေမယ့်ပေါ့~

Shou လေး Cheng Xia က ၁၈အရွယ်ကောင်‌လေးပီသတယ်။ နေရောင်ခြည်လေးလို နွေးထွေးတယ်၊ တက်ကြွတယ်၊ ထူးချွန်တယ်၊ ပြီးတော့ စိတ်ဓာတ်ကြံ့ခိုင်တယ်။ သူ့အပေါ်ကောင်းပေးတဲ့ President Pei ကိုလည်း တိတ်တခိုးကြွေနေတယ်~

🍊🍊🍊

ကိုယ်တော့ Gongရဲ့ Characterကိုတကယ်ကြွေတာ။ President Pei ကလေ System ပေးတဲ့အလုပ်တွေ တစ်ခုမှမလုပ်ပဲအမှတ်တွေအလျှော့ခံတဲ့ Host ၊ လူတွေကိုလေးစားပြီး အလုပ်အပေါ် သစ္စာရှိတဲ့ ဂျန်းတဲလ်မန်းကြီး။ ပြီးရင် ABO ကမ္ဘာထဲသာရောက်နေတာ Alpha, Omega အကြောင်းသေချာမလေ့လာ၊ ဇာတ်လမ်းတစ်ဝက်ကျိုး‌တော့မှ Omega တွေကိုယ်ဝန်ဆောင်နိုင်မှန်းသိ၊ Pheromones တွေတလွှားလွှားနဲ့ လမ်းသလားနေတဲ့လူကြီးရယ် ဟီး ဟီး...

Untitle 🍀Where stories live. Discover now