After Marrying the Evil God

897 35 11
                                    

"𝙄 𝙬𝙞𝙡𝙡 𝙡𝙤𝙫𝙚 𝙮𝙤𝙪 𝙖𝙜𝙖𝙞𝙣𝙨𝙩 𝙢𝙮 𝙙𝙞𝙫𝙞𝙣𝙞𝙩𝙮."

Title : After Marrying the Evil God | 和邪神结婚后
Author : Fu Bai Qu | 浮白曲
Chapter : 104 + 12 extras

Title : After Marrying the Evil God | 和邪神结婚后Author : Fu Bai Qu | 浮白曲Chapter : 104 + 12 extras

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကမ္ဘာနံပါတ် ၉၉၉ -

နတ်ဘုရားတွေဟာ အမတဘဝကိုငြီးငွေ့လာပြီး အိပ်စက်အနားယူခြင်းကို ရွေးချယ်ခဲ့ကြတယ်။

အငယ်ဆုံးနတ်ဘုရားလေးတစ်ပါးဟာပဲ လူ့လောကမှာ နှစ်ထောင်ချီကြာမြင့်အောင် ပျင်းရိစွာကျင်လည်ရင်းနဲ့ နှစ်ဆယ့်တစ်ရာစုကိုရောက်တော့ လူသားတစ်ဦးနဲ့ချစ်ကျွမ်းဝင်ပြီး လက်ဆက်ခဲ့တယ်။

နောက်ပိုင်းမှ သိလိုက်ရတာ.. ထိုသူ... သူ့အမျိုးသားဟာ သေမျိုးမဟုတ်တဲ့ အမတတစ်ပါးဖြစ်ပြီး.. ရိုးရိုးနတ်ဘုရားတောင်မဟုတ် 'Evil God' ပါတဲ့ ~

MC ဖြစ်တဲ့ Qi Baicha က သဘာဝတရားကနေ ဖြစ်တည်လာတဲ့ ရှေးဟောင်းနတ်ဘုရားနွယ်ဝင်.. Snow God လေး။ နှင်းတို့ကနေဖြစ်လာတဲ့အလျောက် အေးစက်တဲ့အလှတရားကိုပိုင်ဆိုင်လို့ထားတယ်။ သူ့ရဲ့ သူငယ်ချင်းမိတ်ဆွေ၊ မျိုးနွယ်တူနတ်ဘုရားအားလုံး အိပ်စက်သွားကြတဲ့နောက် အထီးကျန်ဆန်စွာရှင်သန်နေတာ။ အဲ့ဒီအချိန် Fu Mingye ဆိုသူနဲ့တွေ့ပြီး ချစ်မိသွားတာ။ ထိုသူက Evil God ဖြစ်နေတာကို မသိဘဲနဲ့ပေါ့။

Evil God ဆိုတာ မကောင်းဆိုးဝါးလည်းမဟုတ်သလို မိစ္ဆာလည်းမဟုတ်ဘူး.. လူသားတွေရဲ့ မကောင်းတဲ့အကြံအစည်ဆန္ဒတွေကို နားထောင်ပြီး ဖြည့်စည်းပေးရတာ။ မရောင့်ရဲနိုင်တဲ့ လောဘသားတွေရှိနေသရွေ့ အင်အားကြီးနေမဲ့ နတ်ဘုရားမျိုး..။ ဆို‌တော့ကာအခြားနတ်ဘုရားတွေနဲ့မတူသလို အဆက်အဆံလည်းမလုပ်ဘူး၊ မာနကြီးသီးသန့်ဆန်ဆန်နေတတ်သလို သူ့ဘုရားကျောင်းထဲမှာပဲနေတာများတယ်။

Untitle 🍀Where stories live. Discover now