Murderous Lewellyn's Candlelit Dinner

274 15 6
                                    

အေးမြတဲ့မေတ္တာ ပူပြင်းတဲ့သံယောဇဉ် နက်ရှိုင်းလွန်းတဲ့ တွယ်တာမှု ဒဏ်ရာဟောင်းလိုမျိုး အတောမသတ်စေနိုင်တဲ့နာကျင်မှု... အဲဒီခံစားချက်တွေကို Lewellyn က 'အချစ်' လို့ အမည်တပ်ခဲ့တယ်။

🕯️

Title : Murderous Lewellyn’s Candlelit Dinner | 살인마 르웰린 씨의 낭만적인 정찬
Author : Sumnagi | 숨나기
Artist : MUK_BU | 묵부

Title : Murderous Lewellyn’s Candlelit Dinner | 살인마 르웰린 씨의 낭만적인 정찬Author : Sumnagi | 숨나기Artist : MUK_BU | 묵부

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.


🕯️

Shavonne က Ira လမ်းမပေါ်က ဈေးပေါတဲ့တိုက်ခန်းမှာ အခန်းငှားနေတာ။ သူ့အခန်းနံပါတ်က ၃၀၃။

အခန်း ၃၀၂ ကို လူ‌တစ်ယောက်ပြောင်းလာတယ်။ ငယ်တယ် ချောတယ် ပြီးတော့ နည်းနည်းလေးကြောင်တောင်တောင်နိုင်တယ်။ ပြီးရင် အတော်လေးလည်း ချစ်ဖို့ကောင်းတယ်။

အဲဒီသူ့အိမ်နီးချင်းရဲ့နာမည်က Lewellyn တဲ့။ Lewellyn က ထူးထူးဆန်းဆန်းတွေ လုပ်တတ်တယ်။ လှေကားရင်းမှာ ကြက်သွန်နီတွေ ထိုင်ခွာနေတာမျိုး.. မျက်လုံးတွေဆို ရဲရဲနီလို့လေ။

တစ်ရက်မှာ Lewellyn က သူ့အခန်းမှာ ညစာစားဖို့လာဖိတ်တယ်။ Shavonne လည်း ငြင်းမကောင်းလို့လက်ခံလိုက်ရတာ။

ဒါပေမဲ့ ညစာသွားစားတော့ Lewellyn ရဲ့အိပ်ခန်းထဲမှာ သူမြင်ခဲ့ရတာ... ဖယောင်းတိုင်ပတ်ပတ်လည်ထွန်းထားတဲ့ လူသေအလောင်းတစ်လောင်း ~

🧅

Shavonne အကြောင်းကိုမိတ်ဆက်ရရင်..
Shavonne က မိဘမဲ့လေး။ သူ့အသက် ၂၀ မှာ မိဘမဲ့ကျောင်းကနေထွက်လာတော့ နေစရာ စားစရာမရှိလို့ ရရာအလုပ်ဝင်လုပ်ရင်း  နေစရိတ်စားစရိတ်ငြိမ်းတဲ့ ထောင်စောင့်တောင်လုပ်ခဲ့ဖူးတယ်။

အခု အသက် ၂၉ နှစ်မှာတော့ Ghost writer အနေနဲ့ အသက်မွေးနေပြီ။ တကယ်တမ်းဖြစ်ချင်တာကတော့ စာရေးဆရာပေါ့။

Untitle 🍀Место, где живут истории. Откройте их для себя