The Missing Piece

535 21 3
                                    

တစ်ခါက ထိုလူရဲ့ နှလုံးသားကို ပိုင်ဆိုင်ခဲ့ဖူးတယ်..

ဒါပေမဲ့.. သူ လက်လွှတ်ခဲ့မိတယ်။

🍀

Title : The Missing Piece | 貌合神离
Novel :  Kun Yi Wei Lou

Shen Mo က Ji Mingxuan ရဲ့ ဟန်ဆောင်ရည်းစားအဖြစ်နေဖို့ သဘောတူစာချုပ်ချုပ်ထားတယ်။ တစ်ခါ‌တလေ Ji Mingxuan ရဲ့အလိုအရ ကိုယ်လက်နှီးနှောမှုလေးရောရှိတာပေါ့။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Shen Mo က Ji Mingxuan ရဲ့ ဟန်ဆောင်ရည်းစားအဖြစ်နေဖို့ သဘောတူစာချုပ်ချုပ်ထားတယ်။ တစ်ခါ‌တလေ Ji Mingxuan ရဲ့အလိုအရ ကိုယ်လက်နှီးနှောမှုလေးရောရှိတာပေါ့။

ဇာတ်လမ်းလေးက Ji Mingxuan ရဲ့ညီမဖြစ်သူ Ji An’an နဲ့ သူ့သတို့သားလောင်း Zhou Yang တို့ နိုင်ငံခြားကပြန်လာကြတာနဲ့ အစပြုထားတယ်။ ဪ... ဒါနဲ့ Zhou Yang ဆိုတာ Shen Mo ရဲ့ ရည်းစားဟောင်းလည်းဖြစ်ပြန်တယ်။

သူတို့လေးဦးထိပ်တိုက်ဆုံကြတဲ့အခါ အတိတ်ကဖြစ်ရပ်တွေ၊ မေ့ပျောက်ထားတဲ့အကြောင်းအရာတွေ၊ ဖုံးကွယ်ထားတဲ့အချက်တွေက တစ်စတစ်စ အသစ်တစ်ဖန် တစ်ကျော့ပြန်လာခဲ့တယ်။

🍀

Shen Mo က အနုပညာကျောင်းဆင်း ပန်းချီဆရာလေး။ ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်ကဖြစ်ရပ်တစ်ခုကြောင့် ညာဘက်လက်ထိခိုက်ပြီးပန်းချီမဆွဲနိုင်တော့တာ။ Zhou Yang က သူ့အချစ်ဦး ရည်းစားဦးဖြစ်ခဲ့တာ။ လက်ရှိမှာ Ji Mingxuan အပေါ်ကျေးဇူးကြွေးတင်နေလို့ ခိုင်းရာနေ စေရာသွားအဖြစ် နေပေးနေတာရယ်။ ခပ်အေးအေးနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေ‌တတ်တဲ့အမူအကျင့်ရှိသလို တစ်ဖက်မှာ အစွဲအလမ်းကြီးပြီး တအားခေါင်းမာပြန်တယ်။ 

Ji Mingxuan က အေးတိအေးစက်နဲ့ လွှမ်းမိုးခြယ်လှယ်တတ်ပြီး ဒေါသကလည်းကြီး‌သေးတာ။ တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့ ညီမလေးကိုတော့ သိပ်ချစ်ရှာတာ။ ညီမလေးက Zhou Yang ကိုသဘောကျတယ်ဆိုတော့ ရအောင်ကြံဖန်ပေးခဲ့တာ။ ယောက်ဖလောင်းနဲ့ ရည်းစားဟောင်းတို့ ပြန်ပေါင်းထုပ်ကြမှာစိုးရိမ်လို့ MC ကိုဘေးမှာခေါ်ထားတဲ့အထိပေါ့။ ဒါပေမဲ့ ဒါတွေရဲ့နောက်ကွယ်က အကြောင်းအရာတချို့က ဆိုင်သူမသိတဲ့အခြေအနေနဲ့ရယ်။

Untitle 🍀Where stories live. Discover now