Everyone Loves Pei JiYu

1.3K 38 22
                                    

Unicode

နှလုံးသားထဲကကွက်လပ်တွေကို အချိန်ကကုစားပေးနိုင်ပေမဲ့ အနာကျက်သွားတဲ့အခါ အချစ်ကမကျန်ရှိတော့ဘူး...

Title :Everyone Loves Pei JiYu|人人都爱裴即玉
Author : ZhouBai | 周白
Chapter : 38 + 1 extra

Pei JiYu.. Pei JiYu.. Pei JiYu ကိုဘယ်သူမှမချစ်ကြဘူး။ သူ့ဘဝမှာ ဘယ်တုန်းကမှအချစ်မခံခဲ့ရဘူး။ သူပေးတဲ့အချစ်တွေဆီကပြန်ရခဲ့တာ ဥပေက္ခာ၊ စွန့်ပစ်ခံရမှုနဲ့ နာကျင်မှုတွေပဲ။ နှလုံးသားထဲဒဏ်ရာ‌တွေပဲကျန်တဲ့အချိန် ကင်ဆာရောဂါနဲ့ ၆ လ‌ကျော်ပဲနေရတော့မယ်ဆိုတာ သူ့အတွက်လွတ်မြောက်ရာ‌လေလား။ ဒါပေမယ့် ဘုရားသခင်ကသူ့ကိုသနားလို့ဖြစ်မယ်... သူ့ကိုနွေးထွေးစွာလက်ကမ်း‌ပေးမဲ့သူတစ်ယောက် လက်ဆောင်ပေးခဲ့တယ် ~

🎡🎡🎡

ဇာတ်လမ်းက Pei JiYu ဆိုတဲ့ MC ရဲ့ဘဝ၊ အချစ်ရေးနဲ့ သူနဲ့ပတ်သတ်ခဲ့တဲ့ ယောကျာ်း ၅‌ ယောက်ဖြစ်တဲ့ (Lu QingFan), (He Li), (Meng SiQi),  (Qiao Lang) နဲ့ (Chen ErXin) တို့အကြောင်းပါတဲ့ Dog Blood Novel လေးပါ။ အဲ့ဒီထဲမှာ တစ်ယောက်ကလွဲလို့ကျန်တဲ့သူတွေက သူ့နည်းနဲ့သူ Shou ကိုဝေဒနာတွေပေး နာကျင်အောင်လုပ်ပြီး အချိန်လွန်ခါမှချစ်ပါတယ်‌ဆိုပြီး ခွေးကျွေးပစ်ချင်စရာစကား‌ပြောကြတဲ့ Asshole/ Scumbag Gong တွေရယ် ~

ခွေးသွေးနဲ့ လောင်ရတာမျိုးတွေမှ ကြိုက်တဲ့သူရှိကြတယ်ဟုတ်..? ဒါလေးက He Doesn’t Know I’m Dead, A Decade of Deep Love, Gaze at the Scenes of Debauchery တို့နဲ့ဆင်တယ်ဆိုရမယ်။ မုန်းစရာရော ချစ်စရာပါမကောင်းတဲ့ ရိုက်ပစ်ချင်စရာခပ်ပိန်းပိန်းဇာတ်ကောင်တွေပါတဲ့ ခွေးသွေးဒရာမာပေါ့ဗျာ။ ပြောရရင် Angst တွေက not my cup of tea ပါ။ Tragedy tag ပါရင်ဝေးဝေးကရှောင်ပါတယ်။ အခုလည်း တစ်‌ယောက်တည်းဖတ်ပြီး အီလည်လည်ဖြစ်နေလို့ သူများ‌တွေပါလောင်ပါ‌စေဆိုတဲ့စိတ်‌‌လေးနဲ့ သောက်ကျင့်ယုတ်ပြီးလာညွှန်းတာပါ.. (/¯◡ ‿ ◡)/¯ ~ 💣

ဇာတ်သိမ်းကို စိတ်ကျေနပ်မယ်လို့ အာမမခံသလို ဖတ်ပြီးသ‌ဘောကျမလား၊ ငိုမလား၊ ဒေါသထွက်မလား၊ ညွှန်းတဲ့သူကိုပဲဆဲမလားဆိုတာ ရင်ခုန်စွာစောင့်မျှော်နေပါတယ်။ အပိုင်းလည်းသိပ်မများလို့ စိတ်ဝင်စားရင်ဖတ်ကြည့်ပါလို့ ကကျိုးက‌ကြောင်ရီဗျူးလေးရေးသွားပါတယ် ~ ♡

Novel က Etran ပဲတွေ့ပါတယ်။ Dummy Novels မှာ ဖတ်လို့ရပါတယ်။

.

Zawgyi


Author : ZhouBai | 周白
Chapter : 38 + 1 extra


🎡🎡🎡





Untitle 🍀Donde viven las historias. Descúbrelo ahora