In the Dark

308 15 12
                                    

ရှဲ့လန်ရှန်းကို ချစ်မိသွားတဲ့လူတွေအားလုံး ရှဲ့လန်ရှန်းကိုအလိုလိုမက်မောတောင့်တလိမ့်မယ်၊ အလင်းရောင်ကို တောင့်တသလိုမျိုးပေါ့။

Title : In the Dark | 在黑暗中
Author : Jin Shi Si Chai | 金十四钗

ရှဲ့လန်ရှန်းရဲ့မသိစိတ်ထဲက သေချာမမှတ်မိနိုင်တဲ့ မှတ်ဉာဏ်တွေထဲမှာ Bathtub တစ်ခု

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

ရှဲ့လန်ရှန်းရဲ့မသိစိတ်ထဲက သေချာမမှတ်မိနိုင်တဲ့ မှတ်ဉာဏ်တွေထဲမှာ Bathtub တစ်ခု.. အမျိုးသမီးတစ်ဦးနဲ့.. ပြီးရင် ကြမ်းပြင်မှာပြန့်ကျဲနေတဲ့ သွေးတွေ...။

ရှဲ့လန်ရှန်းရဲ့အဖေက မူးယစ်တိုက်ဖျက်ရေးအရာရှိတစ်ဦးဖြစ်ပြီး စစ်ဆင်ရေးမှာသေဆုံးခဲ့တာ။ ရှဲ့လန်ရှန်းလည်း သူ့အဖေရဲ့ခြေရာနင်းခဲ့တာ။ လွန်ခဲ့တဲ့ ၇ နှစ် ရဲသင်တန်းကျောင်းဆင်းဆင်းချင်းမှာ ရွှေတြိဂံဒေသရဲ့လက်နက်ကိုင်မူးယစ်ကုန်သွယ်အဖွဲ့ခေါင်းဆောင် မုခွန်းဆီကို လျှို့ဝှက်ထောက်လှမ်းဖို့ သူလျှိုအနေနဲ့စေလွှတ်ခံခဲ့ရတယ်။

ရှဲ့လန်ရှန်းက Undercover Agent အနေနဲ့ ၆ နှစ်ကြာနေခဲ့ရပြီး မုခွန်းရဲ့ ညာဘက်ရုံးအထိဖြစ်လာခဲ့တာ။ ရှဲ့လန်ရှန်းကို မုခွန်းက သူ့နံဘေးမှာထားပြီး အတော်လေးသဘောကျပြီး ရူးသွပ်ခဲ့တာ။

စစ်ဆင်ရေးအဆုံးသတ်က မုခွန်းက မဲခေါင်မြစ်ထဲလေယာဉ်ပျက်ကျပြီး သေလားရှင်လားမသိတဲ့အခြေအနေနဲ့ပြီးသွားတယ်။

ရှဲ့လန်ရှန်းပြန်လာတော့ မူးယစ်ဆေး‌ဝါးတိုက်ဖျက်ရေးအဖွဲ့ကနေ မှုခင်းတပ်ဖွဲ့ထဲပြောင်းရွှေ့ခံလိုက်ရတယ်။

ရွှေတြိဂံ‌ဒေသကအဖြစ်အပျက်တွေကပဲ ရှဲ့လန်ရှန်းကိုလွှမ်းမိုးနေမလား ရှဲ့လန်ရှန်းကိုယ်တိုင်ကပဲ ရုန်းမထွက်နိုင်တာလား။

‎✧

ရှဲ့လန်ရှန်းရဲ့ မူလ အကျင့်စရိုက်က စကားနည်းတယ် တိတ်ဆိတ်တယ် တည်ငြိမ်တယ် ရဲဝန်ထမ်းကောင်းဖြစ်ချင်တယ်။ လျှို့ဝှက်ထောက်လှမ်းမှုအပြီး ရှဲ့လန်ရှန်းရဲ့စရိုက်က ၁၈၀°ပြောင်းလဲသွားတယ်။ အရည်ထူပြီး စ,တတ်နောက်တတ် ပရောပရည်‌လုပ်တတ်လာပြီး စကားပြောကြွယ်လာတယ်၊ တအားဉာဏ်နီဉာဏ်နက်များတဲ့ ပြသနာအိုးဖြစ်လာတယ်၊ ရဲဝန်ထမ်းကောင်းဖြစ်ချင်တာတော့ မပြောင်းမလဲပေါ့။ ရှဲ့လန်ရှန်းရဲ့ လော့ဂျစ်က အဆိပ်ကို အဆိပ်နဲ့တိုက် မကောင်းဆိုးဝါးကို မကောင်းဆိုးဝါးနဲ့ဖိုက် တဲ့။

Untitle 🍀Opowieści tętniące życiem. Odkryj je teraz