Desharow Merman

958 42 2
                                    

𝐌𝐲 𝐟𝐚𝐭𝐞 𝐡𝐚𝐬 𝐛𝐞𝐞𝐧 𝐭𝐮𝐫𝐧𝐞𝐝 𝐭𝐡𝐞 𝐯𝐞𝐫𝐲 𝐦𝐨𝐦𝐞𝐧𝐭 𝐈 𝐟𝐢𝐫𝐬𝐭 𝐦𝐞𝐞𝐭 𝐡𝐢𝐦.

Title : Desharow Merman | 德萨罗人鱼
Author : Mr. Deep Sea | 深海先生
Chapter : 115 (Completed)
Warning : R*pe, S*xual Abuse, Gore, Death, Depictions of Cruelty, Cannibalism

1990 ဂျူလိုင်လအစရဲ့ အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ ရုရှားသားလေး Desharow ပါတဲ့ သုသေသီတစ်စုက ရေသူတစ်ကောင်ကိုဖမ်းမိခဲ့တယ်။ ထိုရေသူထီးက Desharow ကို တပ်မက်မှုအပြည့်နဲ့ စိုက်ကြည့်နေခဲ့ရာကနေ ဇာတ်လမ်းလေးစခဲ့တယ်... ဆန်းကျယ်မှုအပြည့်နဲ့ ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးပေါ့ ~

🌊

Agares ဆိုတဲ့ ရေသူက ‌ငွေဖြူရောင်ဆံနွယ်တွေ၊ သမုဒ္ဒရာလို ပြာလဲ့ပြီးနက်ရှိုင်းတဲ့မျက်ဝန်းတွေနဲ့ အရမ်းလှပပြီး ဉာဏ်ရည်မြင့်တဲ့ သားရဲတစ်ကောင်ပါပဲ..။ သူက Desharow အပေါ်မှာ ပိုင်ဆိုင်လိုစိတ်အားကြီးလွန်းပြီး ဆာလောင်မွတ်သိပ်နေတဲ့သူရယ်။ အင်အားကြီးတယ်၊ ရိုင်းစိုင်းတယ်၊ ကြမ်းတမ်းတယ်၊ အရှက်အကြောက်မရှိဘူး၊ သူလိုချင်ရင် ဇွတ်တရွတ်အရယူတတ်တယ်။ တကယ့်ကိုပဲ Possessive and Yandere type လို့ဆိုရမယ်။ အဲ.. တစ်ဖက်မှာကြပြန်တော့ Agares က Desharow ကို သိပ်ကိုချစ်ခင်မြတ်နိုးပြီး၊ သူ့အပိုင်အဖိုးတန်ရတနာလေးလိုမျိုး တစိမ့်စိမ့် စောင့်ကြည့်ခဲ့တာ။ ဒီလူသားလေးကို အသည်းတယားယားဖြစ်နေပြီး တစ်ခါတရံမှာ စပ်ဖြီးဖြီးရုပ်နဲ့ ကျီစယ်တတ်သေးတာ။ Agares မှာ နာမည်အရင်းရှိပေမဲ့ ပြောပြဘူးတဲ့ ဟီးး ~

Desharow Wallace အတွက်ကြတော့ Agares က မျိုးနွယ်မတူတဲ့အတွက် သူ့အချစ်တွေကို တော်တော်နဲ့လက်မခံနိုင်ခဲ့တာ။ တွေဝေမှုနဲ့ သံသယများပြီး သူပြောင်းလဲလာဖို့ကို အကြာကြီးစိတ်ရှည်ရှည်ထားပြီးစောင့်ဖတ်ခဲ့ရပါတယ်။ သူရဲ့ကာရိုက်တာက Agares ထက်ကို လျှို့ဝှက်ချက်တွေဆန်း...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Desharow Wallace အတွက်ကြတော့ Agares က မျိုးနွယ်မတူတဲ့အတွက် သူ့အချစ်တွေကို တော်တော်နဲ့လက်မခံနိုင်ခဲ့တာ။ တွေဝေမှုနဲ့ သံသယများပြီး သူပြောင်းလဲလာဖို့ကို အကြာကြီးစိတ်ရှည်ရှည်ထားပြီးစောင့်ဖတ်ခဲ့ရပါတယ်။ သူရဲ့ကာရိုက်တာက Agares ထက်ကို လျှို့ဝှက်ချက်တွေဆန်းကျယ်မှုတွေများတယ်။ ခေါင်းမာတဲ့စရိုက်လေးလည်းရှိပြီး Agares ကို နိုင်စားပါတယ်နော်။ ပြီးရင် တစ်ခါတလေမှာ Agares ကိုခေါ်သေးတာ 'သူ့ရဲ့ ဆာရှိမိလေး' ပါတဲ့ ~

Untitle 🍀Where stories live. Discover now