Very Happy

1.2K 56 15
                                    

ဘဝကြီးက ပျော်စရာကြီးပါ ~

Title : Very Happy | 美滋滋
Author : Yue Xia Die Ying | 月下蝶影
Chapter : 114 + 2 Extras (E Tran Completed)

MC လေး Li Zhao က နာမည်မရှိတဲ့သရုပ်ဆောင်လေး.. ဆင်းရဲလွန်းလို့ ထမင်းတစ်နပ်ကပ်စားလို့ရရင် ကံကောင်းတာမျိုး.. အဲ့ဒီလိုသူ့ဘဝလေးထဲကို စီးပွားရေးလောကရဲ့အာဏာရှင်ကြီးဖြစ်တဲ့ ကိုယ်တွေရဲ့ ML ကြီး Yan Ting ဝင်ရောက်လာတဲ့အချိန်ကစပြီး ကံတွေတက်လာတော့တာပါပဲ ~

Shou လေးက ဖြူစင်ယဉ်ကျေးလူလိမ္မာအဖိုးတန်လေးပါ၊ အံ့ဩစရာကောင်းလောက်အောင် အကောင်းမြင်သမားအကြည်ဓာတ်လေး... Gong က ရူးသွပ်နေသူလို့အများကပြောကြတဲ့ စိတ်ကျရောဂါရနေတဲ့အဆိုးမြင်သမား.. သူတို့ဆုံတွေ့ကြပြီးအချင်းချင်းဖေးမဖြည့်ဆည်းပေးရင်း တဖြည်းဖြည်းချင်းငြိတွယ်လာကြတဲ့ဇာတ်လမ်းလေး ~

🌻🌻🌻

Novel Title လေးအတိုင်းပဲ MC လေးရဲ့စရိုက်က ချစ်စရာလေးမို့ ဖတ်နေရင်း Happy Vibe လေးကူးစက်စေတယ်။ Showbiz ဖြစ်လို့ ထုံးစံအတိုင်း အနုပညာလောကကြီးရဲ့အနိုင်ကျင့်ထိုးချမှုတွေ၊ အတင်းအဖျင်းတွေ၊  ဖန်ကလပ်အချင်းချင်းဖိုက်ကြတာမျိုးတွေ စုံနေအောင်ပါတယ်။ ဒါ့အပြင် MC ရော ML ရောရဲ့နောက်ခံဘဝဇာတ်ကြောင်းကိုထည့်ရေးထားတော့ ဖတ်ရတာပျင်းစရာကောင်းမသွားဘူး။

အဓိကက Shou လေးကို သူ့ဒယ်ဒီ‌ကြီးကဘယ်လိုတွေရှယ်အမ်းမလဲဆိုတာပေါ့။ Shou လေးက နောက်ခံမရှိတဲ့ တစ်ကောင်ကြွက်သမားလေးမို့အမြဲလိုလိုအနိုင်ကျင့်ခံနေရတာ... အဲ့ဒီအချိန်ဆို Gong ကြီးက ရှယ်သမတာရယ် ~ ကိုယ်တော့ဖတ်နေရင်းနဲ့ ဘယ်သူ့‌ရွှေပေါင်လုံးကြီးပဲပြေးဖတ်ရမလဲလို့စဥ်းစားမိတယ် ဟီးဟီး...။ ပြောရရင် MC ရဲ့ Character က Mary Sue ဆန်ပေမယ့် ကိုယ်တို့ရဲ့အဖိုးတန်အမျိုးမှန်လေး Zhao Zhao က တကယ်ကိုအချစ်တွေအားလုံးနဲ့ထိုက်တန်ပါတယ်ဗျာ ~

ပြီးတော့ ထူးထူးခြားခြားအဓိကဇာတ်လိုက်တွေမှာမဟုတ်ပဲ အရန်ဇာတ်ကောင်တွေမှာ Twist လေးတွေထည့်ထားသေးတယ်။ ထည့်ရေးရင်စပွိုင်လာဖြစ်မှာစိုးလို့ ကိုယ်တိုင်ပဲဖတ်ကြည့်လိုက်ကြပါ။ ပြုံးရင်းပျော်ရင်းကြည်နူးစရာပေါ့ပေါ့ပါးပါးလေးဖတ်ချင်တဲ့အခါ ဒီ Very Happy ဆိုတဲ့ Novel လေးကိုရွေးလိုက်ကြပါ ~ ♡

Eng Tran ကို Chrysanthemum garden မှာ အဆုံးထိ ဖတ်နိုင်ပြီး မြန်မာဘာသာပြန်ကို yinyinhtun9699 ဆိုတဲ့ Wp Acc မှာ ဖတ်လို့ရပါတယ်။

.

Zawgyi


Title : Very Happy | 美滋滋
Author : Yue Xia Die Ying | 月下蝶影



🌻🌻🌻





Untitle 🍀Where stories live. Discover now