I'm Really Just an Ordinary Person

316 26 14
                                    

ကြိုတင်သတ်မှတ်ထားတဲ့ အနာဂတ်ကိုမယုံကြည်သလို ကြိုတင်သတ်မှတ်ပြီးသား ကံကြမ္မာကို ပိုလို့တောင်မုန်းတယ်။

Title : I’m Really Just an Ordinary Person | 我真的只是个普通人
Author : Lifting The Curtain Lights | 帷幕灯火
Chapter : 111 + 4 Extras (Etran Complete)

သက္ကရာဇ် ၂၀၃၀ ခုနှစ်မှာ မြေငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့တယ်။ ၁၀ စက္ကန့်ပဲကြာလိုက်တဲ့ငလျင်ကနေ ကမ္ဘာကြီးကိုပြောင်းလဲသွားစေတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာတော့တာပဲ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သက္ကရာဇ် ၂၀၃၀ ခုနှစ်မှာ မြေငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့တယ်။ ၁၀ စက္ကန့်ပဲကြာလိုက်တဲ့ငလျင်ကနေ ကမ္ဘာကြီးကိုပြောင်းလဲသွားစေတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာတော့တာပဲ။

ပထမဆုံး ငလျင်လှုပ်ခတ်အပြီးမှာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ကမ္ဘာပေါ်က‌နေ ပျောက်သွားတဲ့သူတွေ ပြန်ရောက်လာကြတာ။ သူတို့ကို 'Survivor' တွေလို့ခေါ်တယ်။

'Survivor'.. မှန်ပါတယ် သူ‌တို့က Unlimited Flow World ဆိုတဲ့ တခြားကမ္ဘာတစ်ဖက်မှာ အသက်နဲ့ရင်းရတဲ့ဂိမ်းတွေကစားပြီး ရှင်ကျန်ခဲ့တဲ့သူတွေကိုခေါ်တာ။ သူတို့မှာ စွမ်းရည်တချို့လည်းပါလာသေးတယ်။ ဒီလိုနဲ့ Survivor နဲ့ မူလကမ္ဘာမှာ ပုံမှန်အတိုင်းရှိနေတဲ့ Ordinary Person ဆိုပြီး ခွဲခြားသတ်မှတ်လိုက်ကြတယ်။

ဒီ့အပြင် ကမ္ဘာမြေပေါ်ကိုရောက်လာတာ Survivor တွေတင်မကဘူး တခြားအရာတွေလည်းပါတယ်။ Unlimited Flow World ပြိုပျက်ပြီးတော့ ဒီကမ္ဘာကြီးဆီ Monster တွေ Playfield တွေ ရောက်လာတဲ့သဘော။

ဒီလိုနဲ့ သာမန်လူတွေနေထိုင်တဲ့ သာမန်ဒီကမ္ဘာကြီးမှာ အချိန်မရွေး နေရာမရွေး Playfield တွေပေါ်လာပြီး Survivor တွေ Ordinary Person တွေမကျန် ဆွဲသွင်းခံရတာတွေဖြစ်လာပါလေရော။

မူလကမ္ဘာကြီးက လုံးဝကို ပရမ်းပတာအခြေအနေအတိနဲ့ပေါ့။

☄️

Shen Si က ရုပ်ချော‌တဲ့သာမန်တိုးဂိုက်လေး။ အသက် ၂၃ နှစ် ရှိပြီဖြစ်ပြီး တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူအောင်ဆေးဆိုးထားတာ။ သူက ဒီအတိုင်း သာမန်ဘဝမှာနေထိုင်ပြီး သာမန်အလုပ်လုပ်ကိုင်နေတဲ့ သာမန်လူတစ်ဦး။

Untitle 🍀Where stories live. Discover now