I Just Want to Divorce

295 15 3
                                    

"ကွာရှင်းရအောင်"

"ဘာလို့လဲ... ...ကိုယ်မင်းကို ဝမ်းနည်းအောင်လုပ်ခဲ့တာများရှိလို့လား"

Title : I Just Want to Divorce | 我就想离个婚
Author : Lian Shuo | 连朔
Chapter. : 56 + Extra (Etran Completed)

Ye Fei က အရင်ဘဝက ALS အကြောသေရောဂါကြောင့် ၇ ရက်ခန့် ခုတင်ပေါ်မှာ သစ်သားတုံးတစ်တုံးလိုမလှုပ်နိုင်ဘဲ ပင်ပန်းကြီးစွာ သေဆုံးခဲ့ရတာ။

အဖေနဲ့ညီငယ်လေးတို့ကောင်းစားဖို့အတွက် အလုပ်မှာသူ့ဘဝကိုမြှုပ်နှံခဲ့ရပေမဲ့ သူသေဆုံးခါနီးမှာတော့ သူ့ကိုစွန့်ပစ်ခဲ့ကြတာ။

Ye Fei ပြန်လည်‌မွေးဖွားလာတော့ အားကိုးမရတဲ့အဖေ၊ သုံးစားမရတဲ့ညီလေးနဲ့ အလုပ်တွေကိုပစ်ပြီး ဒီဘဝမှာတော့ မသေခင်ပျော်ပျော်ကြီးနေပစ်မယ်လို့ စီစဉ်တော့တာပေါ့။

အိုး.. ဒါနဲ့.. သူ့မှာတရားဝင်လက်ထပ်ထားတဲ့ ခင်ပွန်း‌ရှိသေးတယ်။

သူနဲ့ သူ့ခင်ပွန်းသည် Yan Xiao နဲ့က စီးပွားရေးပူပေါင်းမှုအနေနဲ့ စာချုပ်စာတမ်းနဲ့ လက်ထပ်ထားကြတာ။

ဒီတော့ ဒီဘဝမှာအေးအေးလူလူပျော်ဖို့ဆို အချုပ်အနှောင်တွေကိုဖယ်ရှားပစ်ဖို့ အရင်ဆုံး ကွာရှင်းဖို့လိုတယ်။

ဟုတ်ပါတယ်.. Ye Fei တစ်ယောက် ကွာရှင်းချင်နေတယ် ~

🍃

ဒါလေးက ဖတ်ဖူးနေကျ ပြန်မွေးဖွားလာပြီး ကလဲ့စားချေပါးဖြတ်ရိုက်တဲ့ပလော့လေးပါ။ ပြောရရင် ဘာမှထူးခြားဆန်းပြားမနေဘူး ပုံမှန်မြင်နေကျပလော့မျိုးပဲ။ ဒါပေမဲ့ ဘာလို့ညွှန်းလဲဆိုရင် ML ရဲ့ ကာရိုက်တာကို ချစ်လို့ပါ။ Yan Xiao လေးကို စာဖတ်သူတွေပိုသိပြီး လူတိုင်းဆီက အချစ်ခံစေချင်လို့ရယ် 🫶🏻

Author က ဟော်ချွီတို့ I Just Want to Be in a Relationship ကို ရေးတဲ့သူပါပဲ။ ဒီထဲက Yan Xiao ကလည်း ဟော်ချွီနဲ့ တအားဆင်တာရယ်။ ဟော်ချွီအသေးစားလေးလို့တောင် ပြောလို့ရတယ်။ ဟော်ချွီက Scholar Syndrome သမားမလား။ Yan Xiao လေးက ဟော်ချွီလောက်မဟုတ်ပေမဲ့ IQ ရှယ်မြင့်ပြီး လူမှုဆက်ဆံရေးမှာတော့ သုညသာသာပဲ။

အဲဒီတော့ Yan Xiao က သူ့အချစ်တွေ ခံစားချက်တွေကို ထုတ်မပြတာမဟုတ်ဘူး သူ့နည်းသူ့ဟန်နဲ့သူ ထုတ်ပြနေတာ။

Untitle 🍀Where stories live. Discover now