Part 04*

3.7K 190 2
                                    

(unicode)
ခြင်္သေ့ကြီးသည် ကျားပေါက်လေးကို အစိမ်းလိုက်ဝါးစားတော့မည်။ ထိုမြင်ကွင်း​၏ ပွဲကြည့်ပရိသတ်ဟာ ငှက်ပေါက်နှစ်ကောင်ပေါ့။ ငှက်ကလေးတွေ ကံကောင်းသည်လား၊ ကံဆိုးသည်လား။ အစားခံရမည့် ကျားပေါက်လေးမှာတော့ တအီအီ ရှိုက်လို့နှင့်ပြီ။

​အေးလည်းမအေး၊ ပူလည်းမပူ၊ ခပ်စိမ့်စိမ့်နှင့် နေလို့ကောင်းသော အခန်းကြီးတွင် နှင်းဆီရနံ့က တလွင်လွင်မို့ ခြံထဲက ပန်းပျိုမေတွေ ဒီအထဲ ရောက်နေသလား အောက်မေ့ရသည်။ နှင်းဆီရနံ့၊ ဆွဲဆောင်မှု အားပြင်းသော နှင်းဆီရနံ့ကို Min က သိပ်ကြိုက်သည်။ ခြံထဲက ပျိုမေတွေကိုလည်း အားကြီးယုယသည်။ ဤကမ္ဘာတွင် Min ဂရုမစိုက်တတ်တာ လူသားတွေပဲ ရှိမည်ထင်သည်။ အင်း၊ သွေးကလွဲပြီး ကျန်တဲ့လူသားတွေ အကုန်လုံးပေါ့။

Min အကြိုက်ဆုံးက နှင်းဆီရနံ့ဆို သွေးသဘောအကျဆုံးမှာတော့ Min ​​၏ကိုယ်ရနံ့ပဲဖြစ်လိမ့်မည်။ ဟုတ်သည်။ သွေးဟာ အဲဒီလောက်အထိ ရောဂါကျွမ်းနေပြီ။ ဖြစ်နိုင်လျှင် Min ​၏ ကိုယ်ငွေ့ကိုယူကာ ရေမွှေးထုတ်လို့ တစ်ကိုယ်လုံးကို ခြုံထားချင်မိရဲ့။ သို့ပေမယ့် လူတစ်ယောက်လုံးဖြင့် အပိုင်ရပြီးနေပြီ၊ နောက်ထပ် ဘာတွေများ လိုသေးလို့လဲဟုတွေးရင်း ပြန်လည်ဖြေသိပ်လိုက်ရသည်။

အူကြောင်ကြောင်အတွေးစကို ခါထုတ်ရင်း သတ်မှတ်ထားသည့် ဝတ်စုံကို အမြန်လဲဖို့ ကြိုးစားရ​၏။ ဝတ်စုံဆိုပေမယ့် တကယ်တမ်းက အဖြူရောင် နိုင်လွန်အင်္ကျီနှင့် ဘောင်းဘီရယ်ပါ။ see through  ဖြစ်တာမို့ အတွင်းသားတွေ ဖောက်ထွင်းမြင်ရတဲ့အထိ ပါးလှပ်ပေမယ့် Min ကိုယ်တိုင်ရွေးပေးထားတာမို့ အသားက ဆိုရက်စရာမရှိအောင် နူးညံ့​၏။

သာမန်အတွဲတွေ playroom ထဲဝင်ရင် Submissive က အဝတ်အစားတွေ ကုန်စင်အောင်ချွတ်လို့ Dominant အလာကို စောင့်ရပေမယ့် Min နှင့် သွေးမှာတော့ ပြောင်းပြန်။ သွေးက Min သတ်မှတ်ထားသည့် အဖြူထည်ကို အဝတ်လဲသည့်နေရာမှာ အရင်ဝတ်ပြီးမှ Room of Love ထဲ အဆင်သင့် ထိုင်စောင့်နေသော Min ဆီ သွားရခြင်းဖြစ်သည်။

ဘာလို့လဲလို့ စူးစမ်းမိတော့ Min က ခပ်ရွှန်းရွှန်းနောက်​၏။ မုန့်ထုပ်လေးကို ကိုယ်တိုင်ဖောက်ပြီးမှ ဆွဲစားချင်တာတဲ့လေ။ ကြိုဖောက်ထားတဲ့ မုန့်တစ်ထုပ်က အခန့်မသင့်ရင် လေသလပ်သွားနိုင်တယ်တဲ့။

Blood of MINWhere stories live. Discover now