Part 11

2.1K 135 1
                                    

(unicode)
ကမ္ဘာကြီးကို ဇောက်ထိုးမျှော်ဖူးပါသလား။ အိမ်မြှောင်တွေ တောက်တဲ့တွေ တစ်နေ့တစ်နေ့ ဘယ်လိုနေနေသလဲမသိ။ ထုတ်တန်းမှာ တစ်နာရီလောက် တွဲလောင်းချိတ်ဆွဲခံထားရသည့် ယံတစ်ယောက်ကတော့ အော့အန်လုမတတ် မူးဝေကုန်ပြီ။

ခေါင်းက ကြမ်းပေါ်၊ ခြေထောက်က လေထဲရောက် အနေအထားတွင် လက်နှစ်ဖက်က ကျောအနောက်မှာ ကျစ်ကျစ်လျစ်လျစ်။ မျက်လုံးတွေက အဝတ်မည်းဖြင့် အုပ်စည်းခံထားရ၍ တော်ခါကျတော့သည်။ မဟုတ်လျှင် တောင်ကြည့်မြောက်ကြည်နှင့် အမူးလွန်ပြီး တကယ်ပဲ အန်ချမိတော့မှာ။

ယံ့လို ထိတ်တန်းသူလျှိုတစ်ယောက်က ဒီလောက်လေးကိုပင် အမူးမခံနိုင်တာ တော်တော့်ကို ရာဇဝင်ရိုင်းသည့် ကိစ္စပါ။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ သူ့ခန္ဓာကိုယ်က အာရုံကြောတွေ (အထူးသဖြင့် CN VIII , vestibulocochlear nerve) က လိုအပ်ချက်လေး အနည်းငယ်ရှိနေပြန်တော့ ကြိတ်မှိတ်ပြီးသာ ခံလိုက်ရသည်။

ဒီအကြောင်းနှင့် ပတ်သက်၍ သခင်က သိပ်မကြည်။ အမျိုးမျိုးသော နည်းစနစ်တွေဖြင့်  သူကိုယ်တိုင်ပို့ချပေးပြီး အမူးခံနိုင်အောင် လေ့ကျင့်ပေးသည်။ သခင်ကိုယ်တိုင် နည်းပြလုပ်သည်မို့ ယံ့ခင်မျာ အထွန့်မတက်ရဲ။ သခင့််ကို ကြောက်သလို သခင့်အပြစ်ပေးနည်းတွေကို သိပ်လန့်သည်။ လေ့ကျင့်ချိန်တွေပြီးလျှင် စားထားသမျှ တဝေါဝေါထိုးအန်ပြီး ဖျားချင်သလိုလို။ ဒါကို အားမရသည့် သခင်က ဒေါသတကြီး ကြိမ်းမောင်း​၏။

"မိန်းမလို ပျော့ညံ့ညံ့ပုံစံနဲ့ ငါ့အနား လာမနေနဲ့" တဲ့။

ခံပြင်းစရာကောင်းလိုက်လေခြင်း။ တစ်သက်တွင် တစ်ခါမှ ခံမပြောဖူးသည့် သခင့်အား စိတ်ပေါက်ပေါက်နှင့် ဆိုလိုက်မိသည်က

"ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သခင့်ကို ကာကွယ်နိုင်ရင် ပြီးရောမလား" ဟူ၍ပင်။

အဲဒီနေ့က သခင့်အပေါ် မလေးမစားလုပ်သည့် အမှုဖြင့် နေပူကျဲတဲတွင် အင်္ကျီမပါဘဲ ဒိုက်အခါ ၁၀၀ ထိုးခဲ့ရ​၏။ ဘာပဲဖြစ်ဖြစ် သခင့်အား စိတ်ရှိသလို ပြောခွင့်ရလိုက်၍ တော်တော်တန်ပါသည်။

Blood of MINWhere stories live. Discover now