Part 05**

4K 181 0
                                    

(unicode)
​ဗိုက်တွင် ဓားတန်းလန်းနှင့် သွေးစိမ်းရှင်ရှင် ထွက်နေသည့်တိုင် ရန်သူကို အလဲထိုးနိုင်သည့် သွေး၊ ထုံဆေးအကူမယူ အရက်ပြင်းပြင်းတစ်ခွက်နှင့်တင် လက်မောင်းက ကျည်ဆန်ကို အတောင့်လိုက် ခွဲထုတ်ခဲ့သည့်သွေး၊ ကိုယ်တိုင် သတ်ရဲသလို သေဖို့လည်း မစိုးရွံ့သည့် သွေးဟာ Min က​​​ပေးမည့် အပြစ်ဒဏ်ကို ခိုက်ခိုက်တုန်အောင် ကြောက်ပါသတဲ့။

မညှာတာဖို့ ပြောလိုက်တာကြောင့် Min ဟာ သဘောတကျ ပြုံး​၏။ ပြီးနောက် လက်ကောက်ဝတ်က လတ်လတ်ဆတ်ဆတ် အစင်းကြောင်းတည့်တည့် ဖိချေလိုက်တာမို့ သွေး ဆစ်ခနဲ ကျဉ်တက်သွားရသည်။ ပါးစပ်ကလည်း တစ်စုံတစ်ခု ထွက်သွားမည်ပေါ့။ အရမ်းနာလွန်း၍ သေချာမမှတ်မိတော့ပေမယ့် ကျိန်းသေပါသည်။ "Min..." ဆိုတာလေးပဲ ဖြစ်မှာပါ။ Min က ပေးသော နာကျင်မှုမို့ Min ​၏ နာမည်လေးကိုပဲ အော်ညည်းတတ်တာ သွေး​၏ အကျင့်လို ဖြစ်နေပြီ။

"နာလား သွေး"

Min က ရက်စက်စွာ မေး​၏။ နာတာပေါ့ Min ရယ်။ အနာပေါ် ဖိချေမှတော့ သိပ်နာတာပေါ့။ မျက်လုံးတွေနှင့် ကူရာမဲ့စွာ အဖြေပေးတော့ Min က ချက်ချင်းလွှတ်ပေး​၏။ ခတ်ထားသည့် သံလက်ထိပ်ကိုလည်း မဆိုင်းမတွ ဖြုတ်ပေးလာသည်။ သို့သော် Min လေသံတွေသည် အရင်ကနှင့်မတူတော့။ နက်ရှိုင်းလှသည့် အသံအက်အက်မှာ သွေးတစ်ခါမှ မကြားဖူးသည့် လေယူလေသိမ်းတချို့ဖြတ်ပြေးသွားတာကို သတိမူမိလိုက်သည်။

"အစကတော့ ရိုးရိုးတန်းတန်း ရိုက်မလို့ပဲ။ ဒါပေမဲ့ သွေးရဲ့မျက်ရည်တွေကိုမြင်တော့ စိတ်ကူးပြောင်းသွားပြီ"

သွေး​၏ Min ဟာ သံလက်ထိပ်လောက်နှင့် မကျေနပ်နိုင်မှန်း သွေးသိပ်သိတာပေါ့။ နောက်ထပ်ကြုံရမည့် နာကျင်မှုတွေနှင့်ယှဉ်လျှင် ဒီသံလက်ထိပ်လောက်က ဘာမှမဟုတ်မှန်း သွေးကြိုသိသည်။ သို့သော် ဘယ်လောက်ပဲ ဆိုးရွားလှတဲ့ နာကျင်မှုတွေဖြစ်နေပါစေ ညှာတာပေးဖို့ တောင်းဆိုမည်မဟုတ်။ ခေါင်းတခြား ကိုယ်တခြားဖြစ်သွားသည့် ငှက်တစ်ကောင်လောက်တော့ သွေး​၏အဖြစ်က မဆိုးနိုင်ဘူးမလား။

စိတ်ထဲတွင် ခေါင်းတညိတ်ညိတ်နှင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေခဲ့သမျှ Min ​၏လက်မှ တိပ်ခွာခံအဆုံးမှာတော့ အတွေးတွေဟာ ရေစုန်မျောလို့။ တိပ်တဲ့။ နာမည်စီးသည်ထင်။ သွေး​၏အသံတွေအားလုံးကို တော်တန်တိတ်စေမည့် တိပ်ရယ်ပါ။

Blood of MINWhere stories live. Discover now