Part 10*

3.2K 173 5
                                    

(unicode)
ကောင်လေးနာမည်က ယံ။ အပြည့်အစုံကို သွေး မသိ။ သိစရာလည်း မလို။ ဖြူဝင်းနေသည့် အသားအရေ၊ ရွှေအိုရောင်ဆံသားနှင့် ညိုမှိုင်မှိုင်မျက်အိမ်တွေဟာ အာရှသွေးတစ်ဝက် အမေရိကန်သွေးတစ်ဝက် ရောနှောနေခြင်း​၏ သက်သေပင်။

​ကောင်လေးက သွေးလက်အောက် ခိုလှုံလာတာ သွေးအသိ bodyguard company တစ်ခု​၏ ထောက်ခံချက်ကြောင့်ဆိုလည်းမမှား။ သွေးထက်နိမ့်သော အရပ်၊ သွေးလောက်မတောင့်သော အမောင်းတို့ကြောင့် ယံဆိုသည့် ကောင်လေးကို မြင်မြင်ချင်း အထင်သေးမိတာကို ဝန်ခံရမည်။ ဒီကောင်လေး ပျော့တီးပျော့ဖတ်နဲ့ မှောင်ခိုလောကမှာ ဖြစ်မှဖြစ်ရဲ့လားပေါ့။ ဟို bodyguard company က ဂျင်းထည့်လိုက်ပြီဟုတောင် ထင်လိုက်သေးသည်။

သို့ပေမယ့် အထင်နှင့်အမြင်သည် လုံးလုံးမှမဆိုင်။ သွေးနှင့်တစ်ပွဲလောက်နွှဲကြည့်တော့ ပညာသားပါလှသည့် ကန်ချက်ကြောင့် သွေးဗိုက်မှာ အညိုကွက်တစ်ကွက် ထင်ကျန်ရစ်​၏။ သာမန်လောက်ဆို သွေး အမှတ်မထားတတ်ပေမယ့် ယံဆိုသည့်ကောင်လေး​​၏ ကန်ချက်ကိုတော့ မမေ့နိုင်သေး။ ပျော့ပျောင်းသလောက် အားပါသည်။ လူကောင်သေးပေမယ့် အရည်အချင်းက အပြည့်။ တိုက်ရည်ခိုက်ရည်ကောင်းသလို ဦးနှောက်ကလည်း သွက်လက်သည်။ အချိန်အကြာကြီးပေးပြီး လေ့ကျင့်မှရသည့် ရလဒ်မျိုးဖြစ်၍ ပိုလို့ပင် စိတ်ဝင်စားမိလိုက်သည်။

အဲ့တာကြောင့်ပဲ အနားမှာ ခေါ်ထားမိလိုက်တာ​။ အာရှသွေးနှောနေသည့် ဖြူဖြူဖွေးဖွေးကောင်ငယ်လေးက သွေးကိုကျော်လို့ သွေး​၏လူကြီး Min အား လုပ်ကြံရဲလိမ့်မည်ဟု ဘယ်သူထင်ထားမည်နည်း။

ဤသတ္တိက ချက်ချင်းလက်ငင်း ဗြုန်းဒိုင်းဆိုပြီး ရလာခြင်းမျိုးတော့ မဖြစ်နိုင်။ သွေးကိုသစ္စာဖောက်ရအောင်လည်း သွေးထက်သာသည့် ကမ်းလှမ်းမှုမျိုး ဒီလောကတွင် ဘယ်သူကမှ မပေး။ ဆိုတော့ ဟိုးအစတည်းက ကြိုတင်ကြံစည်ထားတာ ရာနှုန်းပြည့်ကျိန်းသေသည်။ ယံလိုအရည်အချင်းမျိုးကြောင့် သူ့နောက်ကွယ်က ကြိုးကိုင်သူမှာ ပေါ့သေးသေးမဟုတ်နိုင်မှန်း သွေး တွက်ဆမိသည်။

ဒါကို Min က အေးတိအေးစက်။ ယံ​၏ target က သေချာပေါက် သူဖြစ်နေရက်နှင့် လွှတ်ပေးဖြစ်အောင် လွှတ်ပေးလိုက်သေးသည်တဲ့။ ဒါ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။ ရုတ်ချည်းဆိုသလို သွေးခေါင်းထဲ အတွေးတစ်ခု ဝင်လာပြန်သည်။

Blood of MINWhere stories live. Discover now