Part 15

2.3K 187 31
                                    

(unicode)
နာရီနှင့်ချီအောင် ပိတ်ဆို့ခံထားရသည့်အတွက် နှုတ်ခမ်းတွေ ထုံနေသလို ပါးစောင်တွေလည်း ညောင်းလို့နှင့်ပြီ။ Ball gag က အနေတော်အရွယ်အစားပေမယ့် ပါးစပ်က တစ်ချိန်လုံး ဟထားရသလိုဖြစ်တာကြောင့် ပါးပြင်အပ်ထားသည့် ကြမ်းပေါ်တွင် စေးပျစ်ပျစ် သွားရည်တွေဟာ ဗလပွ။ တုတ်နှောင်ခြင်း ခံထားရသည့် ခြေလက်အစုံဟာ သွေးကို နေရအတော်ခက်စေ​၏။

သွေး မှားမှန်းသိပြီမို့ မြန်မြန်လာခေါ်ပါတော့ Min ရယ်။

တကယ်တော့ ဒီလိုမြင်ကွင်းမျိုးဟာ Min အကြိုက်။ ခြေတွေလက်တွေ အကောင်းပကတိရှိရက်နှင့် အသုံးချ၍မရသည့်အခါ တိရစ္ဆာန်ရုံ လှောင်အိမ်ထဲက ကျားပေါက်လေးလို ကူရာမဲ့နေရှာသည့် သွေး၊ သူလွှတ်ပေးမှ လွတ်မြောက်မည့်အတွက် တောင်းပန်သည့် မျက်ဝန်းတွေဖြင့် သူ့အမိန့်အောက် ပြားပြားဝပ်နေရှာသော သွေး၊ ပြီးနောက် စေ့မရသော နှုတ်ခမ်းနှစ်လွှာကြောင့် သွားရည်ပျစ်ပျစ်တွေကြား ရွှဲရွှဲနစ်နေသည့် သွေးဟာ Min ကို သိပ်ပြီး ဆွဲဆောင်လွန်းပါရဲ့။ Min ဆိုသည့် အကြံပိုင်သည့် ထိုလူသားဟာ ဒီမြင်ကွင်းမျိုး မြင်ချင်လို့ကို တမင်တကာ ဖန်တီးပစ်ခဲ့တာပါ။

သွေးပါးစပ်ထဲ နေရာယူနေသည့် Silicon Ball Gag ဟာ အလုံးလေးတစ်လုံးပေမယ့် အားကြီးစွမ်း​၏။ အိပ်ရာထဲတွင် ချစ်ကြသည့်အခါ အတပ်ဆင်ခံရသည့်လူမှာ စကားတစ်ခွန်းမှ ပြော၍မရတော့ဘဲ တစ်ဖက်လူ ပြုသမျှ နုတော့မည့် အနေအထား။ ဒါ့အပြင် ပါးစပ်ထဲမှ စီးကျလာသည့် ငွေရည်ရောင် အမျှင်တန်းတွေဟာ ကြည်လဲ့လဲ့နှင့် တစ်ချက်တစ်ချက် အသည်းယားချင်စရာ။

သို့ပေမယ့် ဤခံစားချက်သည် လူတိုင်းအတွက်တော့ မဆိုလိုပါ။ Min ဟာ သွေး​၏ သွေးရည်တွေကို ဆွဲဆောင်မှုရှိသည်ဟုမြင်ပေမယ့် သွေးမဟုတ်သည့် တခြားတစ်ယောက်​၏ သွားရည်တွေကိုတော့ ရွံရှာစရာဟု မှတ်ယူမည်မှာ ဧကန်မုချ မလွဲမသွေဖြစ်ကြောင်း သွေး အသက်နှင့်ပင် လောင်းကြေးထပ်ရဲသေး​၏။ သွေးဟာ အဲဒီလိုပဲ။ Min နှင့်ပတ်သက်လျှင် စောက်ရမ်းတွေ ဘဝင်မြင့်လွန်းသည်။

ဘာပဲဖြစ်ဖြစ်ပါလေ။ သွေးအဖို့ကတော့ Ball Gag ကို အဲဒီလောက် မမှု။ တပ်လည်းရသလို မတပ်ထားလည်း ရသည်။ မတပ်ထားလည်း Min က အသံမထွက်နဲ့ဆို သွေးတကယ်ပဲ အသံမထွက်တတ်လို့ပါ။ သွေးဟာ ပစ္စည်းအကူအညီမယူဘဲ ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းနိုင်သော အဆင့်မြင့်လူသားတစ်ဦးဖြစ်​၏။

Blood of MINDonde viven las historias. Descúbrelo ahora