Part 18

2.9K 171 32
                                    

(unicode)
လူတစ်ယောက်ကို လိုက်ငမ်းတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ သူကပဲ ဆွဲဆောင်မှု အားကောင်းနေတာလား။ သို့မဟုတ် ကိုယ်ကပဲ နှာဘူးအထလွန်းနေတာလား။

နှစ်ခုထဲကတစ်ခုတော့ ကျိန်းသေပေမယ့် ဘယ်တစ်ခုလဲ Blood မသိ။ ယခုသူ့ရှေ့ကယောကျာ်း​၏ clavicle ဟာ ဆွဲကိုက်ပစ်ချင်စရာ ကောင်းလွန်းနေတာကိုပဲ သူသိသည်။

မင်းတော်တော်ဖြစ်နေလား Blood ။

ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်ပြန်သည်။ ဒီတစ်ခဏလေးအတွင်း သူ့ကိုယ်သူ ပြန်ဆူရတာ တစ်ခါနှစ်ခါ မကတော့ပြီ။ ဒါဟာ ထိုယောကျာ်းကြောင့်။

Blood ၊ အချစ်ကလေး၊ သိပ်ချောတဲ့ အချစ်ကလေး၊ အဲဒီ clavicle ကြီးကို ခဏမေ့ထားရအောင်နော်။

ဟုတ်သည်။ အဲ့တာကို အာရုံထဲက ခဏလောက် ဖျောက်ထားလျှင်ကောင်းမည်။ ဒီယောကျာ်းကို ပစ်သတ်ပြီးမှ အလောင်းကိုခွဲ၊ လိုချင်သည့် clavicle ကို ဆွဲထုတ်၊ သေသေချာချာ polish လုပ်ပြီးမှ ဧည့်ခန်းထဲရှိ မှန်ဗီရိုတွင် လှလှပပ သိမ်းဆည်းထားရင်လည်းဖြစ်သည်။

အို၊ clavicle မှ မဟုတ်။ ဒီယောကျာ်း​၏ တခြားတခြားသော အင်္ဂါအစိတ်အပိုင်းတွေကို တစ်ခုချင်းဖြုတ်ယူပြီး ဆေးစိမ်ထားလည်း ရတာပဲ။ ဒီလူကို သတ်လိုက်တာနှင့် အလောင်းဟာ Blood အပိုင်ဖြစ်လာလိမ့်မည် မဟုတ်လား။ အင်္ဂါတွေကို တစ်စစီဖြုတ်မပစ်ဘဲ formalin (ဖော်မလင်) တန်းစိမ်လိုက်လျှင် အဆင်းမပျက်ဘဲ ပိုလို့တောင် တင့်တယ်ဦးမည် ထင်ပါရဲ့။ အင်း၊ ကောင်းတယ်။ ဒီလိုပဲ လုပ်ကြတာပေါ့။

Blood သူ့အဆိုသူ ထောက်ခံခေါင်းညိတ်ရင်း တစ်ချိန်တည်းမှာပဲ အတွေးတစ်စ ဝင်လာရပြန်သည်။ တစ်ခါတုန်းက လင်ယောကျာ်းတစ်ဦးဟာ သေဆုံးသွားသော မယားဖြစ်သူ​၏ မိန်းမကိုယ်ကို ဆေးစိမ်ကာ အနှစ်နှစ်အလလ သိမ်းဆည်းဖူးသည်တဲ့။ အဲ့ဒီအဖြစ်က ယုံတမ်းပုံပြင်တွေမဟုတ်ဘဲ တကယ့်ဖြစ်ရပ်မှန်ဟု သူကြားဖူး​၏။

ဘုရားဘုရား။ Blood တစ်ယောက် သူ့အရှေ့က ထိုယောကျာ်း​၏ ခန္ဓာကိုယ်ကို မက်မောနေတာလား။

စောက်ကျိုးနည်း။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟိုယောကျာ်းခန္ဓာပေါ်က ခေါင်းစခြေဆုံး ရှေ့နောက်တောင်မြောက်မကျန် ဘယ်အစိတ်အပိုင်းဖြစ်ဖြစ် Blood ဆီမှာရှိပြီးသားလေ။ ကိုယ့်ကိုယ်ကိုယ် ပြန်ထိလည်းရတဲ့ကိစ္စ၊ ရောဂါကူးခံပြီး ဘာပြုလို့ သူများသွားထိဦးမှာလဲ။ ယောကျာ်ချင်းအတူတူ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး တစ်ကိုယ်ရည်အာသာဖြေတာမှ ဟုတ်တုတ်တုတ်။

Blood of MINWhere stories live. Discover now