မတွယ်ငြိသင့်သောသံယောဇဥ်

3.4K 120 11
                                    

မတွယ်ညှိသင့်သောသံယောဇဥ်
Ep -1

"ဟာ...မဖြစ်နိုင်တာ...'

ကျွန်တော်အလန့်တကြားထအော်မိလိုက်၏

"ကူညီပါ ရှင်လွန်းငယ်ရယ်...
နင်ကူညီမှဖြစ်မှာမို့ပါ...''

ကျွန်တော်ကိုမျက်ရည်လည်ကာအသနားခံ
သည့်အကြည့်များဖြင့်အကူအညီတောင်းနေ
သောသူမ က ကျွန်တော်ရဲ့တစ်ဦးတည်းသောမိန်းကလေးသူငယ်ချင်း ချုးရတီပင်...။

သူမက. K&K Entertainment က အတွင်းရေးမှူးမလေး...။ အနုပညာတက္ကသိုလ်ကနေဘွဲ့ရပြီးနောက်ပိုင်းထူးထူး
ချွန်ချွန်ရှိသောသူမကို Entertainment
တော်တော်များများကအလုပ်ခေါ်စာများတန်းစီနေအောင်ပို့ခဲ့တဲ့ မိန်းကလေးတစ်ဦး

နောက်ပိုင်းမှ ဝင်ငွေအရရော imageအရပါ
ကျော်ဇောနေသော K&K Entertainment
မှာအလုပ်ဝင်လိုက်ခြင်းပင် ။ သူမကအရည်အချင်းရှိသလို အလုပ်လဲ ကြိုးစားတာကြောင့် ကုမ္ပဏီ၏မရှိမဖြစ်လေးးးး ။

သူမတို့ကုမ္ပဏီရဲ့CEOကိုယ်တိုင်က ေမြှာက်စားခြင်းခံရသူ....။ အခုလည်း သူတို့Entertainmentက အထူးအဆန်း BL ကားရိုက်ချင်ဆို၍ ဝတ္တုအဆင်သင့်မရှိတာ
ကြောင့် တက်သစ်စ လူငယ်စာရေးဆရာပေါက်စ ရှင်လွန်းငယ်ကို အပူကပ်နေခြင်းပင်

ရှင်လွန်းငယ်က ဝတ္တုရေးသည်ဆိုပေမဲ့သဘာဝဆန်ဆန် normalဝတ္တုများကိုသာ
ဇာက်ကောင်နှင့်လိုက်ဖက်ညီစွာပုံဖော်တတ်သူ....။ ကျွန်တော် အတွက်bl novelတစ်ပုဒ်ကို ဘယ်နည်းနှင့်မျှ ရေးနိုင်လိမ့်မည်မဟုတ်ပါ...။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကbl ဇာက်ကားတွေရော blနှင့်ပက်သက်သမျှကိုစိတ်မဝင်စားသောကြောင့်ဖြစ်သည်

"ရှင်လွန်း...နင်သေသေချာချာစဥ်းစားပါအုံးဟာ''

"စဥျးစားစရာမလိုပါဘူးဟာ..
ငါတကယ်ရေးနိုင်မယ်မထင်ဘူး''

"နင့်ကိုနင်ယုံကြည်ချက်မရှိတာလားး
ပွော... ''

"နင်ရေးခိုင်းတဲ့ဝတ္တုကိုလဲ ကြည့်အုံးလေ
တခြား ဟာဆိုရင်တောင်ငါရေးပေးအုံးမှာ
အခုဟာက... ''

"ဘာဖြစ်လဲ...အခုကblတွေခေတ်စားနေတဲ့ဟာကို နင်ခေတ်နောက်ကျမှန်းသိပ်သိသာ
လွန်းတယ်....''

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now