ep4

777 74 3
                                    

ဒီနေ့က ကျွန်တော်တို့ဇာက်ကား ကြော်ငှာစတင်ပြသမည့်ရက်မို့ ဘုရားမှာ ယတြာချေ
ဆုတောင်းရမည့်ရက်ဖြစ်သည် ။ ထို့ကြောင့်
ကျွန်တော်လည်း တီရှက်လက်ရှည်ဖြူလေးကိုမှ ယွန်းငွေချည်ထိုးပုဆိုးအနက်လေးနှင့်တွဲဝတ်ကာ ကတ္တီပါဖိနပ်နက်ပြာလေးကိုအရံသင့်ထုတ်ထားလိုက်လေသည် ။

မနေ့က ceoလာခေါ်မည်ပြောထားသောကြောင့် ceoမလာခင် ကွန်ပြူတာထက်ကရေးလက်စ စာမူလေးကိုဆက်ရေးနေလိုက်၏ ။ ခဏအကြာ ဖုန်းထဲကmessageလေးကြောင့် ceoရောက်နေမှန်းသိလိုက်သည် ။

ကျွန်တော်လည်း ဖုန်းကို ခါးကြားထိုးထည့်ကာ လက်က လိုသုံးလိုမယ်ပိုက်ဆံအိတ်လေးဆွဲကာဆင်းခဲ့လိုက်၏ ။ ceoကတော့ပုံမှန်အတိုင်း smart ကျသောပုံစံဖြင့် ကျွန်တော် အမသိမသာလေးပြုံးပြနေလေသည် ။

*ဒီနေ့တော့ ပေါက်စကအရင်နေ့တွေနဲ့မတူပဲ ပုဆိုးနဲ့ စတစ်လက်ရှည်ဝတ်ထားသောကြောင့်လူကြီးဆန်သလိုလိုဖြစ်နေပေမဲ့ ကျွန်တော် မျက်စိထဲမှာတော့ တကယ့်ကလေးပေါက်စပါပဲ.... *

"Morning ceo ''

"အင်း''.

ဟုသာဖြေလိုက်ပါသည် ။ ကားတံကားကိုဖွင့်ပီးကျွန်တော်ဘေး ဝင်ထိုင်လိုက်သည်နှင့်ဆပ်ပြာရနံ့လိုလိုlotion ရနံ့လိုလို ခပ်သင်းသက်းရနံ့လေးကိုရူရိူက်မိလိုက်သည် ။ ပေါက်စနှင့်တွေ့တိုင်း ဒီရနံ့ကိုရနေကြဖြစ်ပေမဲ့
ကျွန်တော် အတွက်ရိုးသွားသည်ဟူ၍မရှိ ။

"မနက်စာစားခဲ့ပြီလားဗျ''. .

တိတ်တိတ်နေသောလေထုကိုကျွန်တော်က
ပဲစတင်ဖြိုခွင်းလိုက်တော့၏ ။

"ဟင့်အင်း မင်းရော''

"Ceo နဲ့မှအတူစားမလို့ ''

အခုနောက်ပိုင်းဆို ဒီကောင်လေးကရဲတင်းလာသည် ။ ညနေပြန့်တိုင်းကျွန်တော်ကားနဲ့လိုက်ပြန်သလို မနက်ခင်းဆိုလည်းဝင်ခေါ်ပေးရသည် ။ ဒီကြားထဲမနက်စာကဝယ်ကြွေးရသေးသည် ။ တကယ်မလွယ်တဲ့ဟာလေး ။

"ဒါဆိုလည်း ဝင်စားကြတာပေါ့''

ကျွန်တော်အတွက်တော့ceoရဲ့အေးစက်စက်ပုံစံကိုသိပ်သဘောကျပါသည် ။ ကျွန်တော် လိုစပ်ဖြဲဖြဲမဟုတ်တာကြောင့်ပေါ့ ။ အဲ့လိုနဲ့
ကျွန်တော်တို့မနက်စာဝင်စားပြီး ယတြာချေမည့် ဘုရားသို့ ရောက်လာရတော့၏ ။

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now