🚨🔞ep 8🔥⚠🚨

1.7K 69 11
                                    

ကျွန်တော်အခန်းမဟုတ်တာကြောင့်အကြာကြီးအိပ်မရပဲ နိုးလာခဲ့သည် ။ လက်ပတ်နာရီကိုကြည့်မိတော့ မနက်၇နာရီအတိ....။ ရင်ခွင်ထဲကနွေးနွေးလေးကြောင့် ကြည့်မိတော့ ကျွန်တော် ပေါက်စ ။  နှစ်ချိုက်စွာအိပ်ပျော်နေသော ကျွန်တော်အပိုင်လေးကိုသေသေချာချာကြည့်မိတော့ တကယ်လှသည့်ရှင်လွန်းပါ ။

မျက်ခုံးတန်းတန်းလေးတွေရယ် နာတံမချွန်တစ်ချွန်လေးရယ် နူတ်ခမ်းနီနီလေးရယ်...
အိပ်နေတာတောင်စွဲဆောင်နိုင်လွန်းသူပါ ။
ကိုယ်မင်းကိုအဆုံးရူံးခံမှာ မဟုတ်တော့ဘူးပေါက်စ ။

ပေါက်စကို ရင်ခွင်ထဲကအသာထုတ်ကာ ရေချိုးခန်းဆီပြေးရ၏ ။ ညကသန့်ရှင်းရေးတောင်မလုပ်နိုင်ခဲ့ဘူးပဲ ။ ကျွန်တော်အပိုင်လေးကိုလည်းနိုးလာမှ သန့်ရှင်းပေးရပေအူံးမည် ။ရေချိုးခန်းထဲကထွက်လာပြီး ကုတင်ဘေးက တစ်ဆတစ်ဆကျနေသောအဝတ်များကိုပြန်ကောက် ဝတ်ပြီး ထိုင်ခုံဆွဲထိုင်ရင်း ပေါက်စကို ထိုင်ကြည့်နေမိ၏ ။ တကယ်မြတ်နိုးရတဲ့လူသားလေးပါ ။

ပေါက်စကို ​အကြာကြီးထိုင်ကြည့်ပြီးမှ ချစ်ရပါသော လူသားလေးနိုးလာလျှင်အဆင်သင့်စားရန် ဆန်ပြုတ် ပြေးပြုတ်ပေးရ၏ ။
ကိုယ့်လက်စကို ကိုယ်အသိဆုံးလေ။ ကျွန်တော် နိုးထားခဲ့ရသော မနက်များထဲတွင်ဤမနက်ခင်းလေးသည် ကြည့်မိသည့်အရာတိုင်း တောက်ပနေလေသည် ။

ဆန်ပြုတ်ရမှ အခန်းထဲ ပြန်ဝင်လာသည်ထိ
ကျွန်တော်အပိုင်လေးကမနိုးသေးပါ မနက်၉နာရီပင်ထိုးတော့မည်ဖြစ်သောကြောင့် နိူးမှရပေလိမ့်မည် ။ ပေါက်စကို ဆေးလဲတိုက်ရအုံးပေမည် ။မဟုတ်လျှင်ဖျားသွားနိုင်သည် ။

ခေါင်းရင်းကတံကားမှ ခန်းစည်းကိုဆွဲချလိုက်တော့ နေရောင်ခြည်နုနုလေးများဝင်ရောက်လာလေသည် ။ နေရောင်ကြောင့်ထင်သည် ပေါက်စက မျက်ခုံးတွန့်ကွေးကာမျက်လုံး ပွင့်လာလေသည် ။

တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသောကြောင့် နိုးပေမဲ့ မထချင်သေးသောကြောင့်ဆက်အိပ်နေလိုက်သည် ။ လူကြီး ထသွားတာလဲ ကျွန်တော် သိလိုက်ပါသည် ။ အခု ခန်းစည်းစကို ဆွဲဖွင့်လိုက်သောကြောင့်ကျွန်တော်ထရတော့မည် ။

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now