ep 16 waring

845 42 2
                                    

မတွယ်ငြိသင့်သောသံယောဇဥ်uni

Ep 16 ( waring)သတိ🚨 ယခင်အပိုင်းများထက်ပို၍ရိုင်းစိုင်းသောအသုံးအနူန်းများပါဝင်ပါသည်

"ရှင်လွန်း နေ့လည်စာစားပြီးပြီလား''

ကျွန်တော် ရိုက်ကူးရေးအပိုင်းကမနွယ်
လေးလိုအပ်သည်ဆိုသောအပိုင်းများ
ကို ဘယ်နားထားမိမှန်းမသိစွာရှာနေစဥ်
​ရှေ့က အသံကြောင့် ကြည့်မိတော့

ရတီ......

"အာ...ရတီ နင်ပြန်ရောက်ပြီလားငါ
လာကြိုမလို့ပဲ မေ့သွားတာ ''

ခါတိုင်းနှင့်မတူစွာ ရတီက ဂျင်းအပြာ
နုရောင်ပွပွလေးကို crop top အမည်း
နှင့်တွဲဝတ်ထားကာ ဆံပင်ကိုခပ်မြင့်
မြင့်လေးချည်ထားသောကြောင့်အရပ်
ရှည်နေသယောင်....

"နင်မေ့မယ်ဆိုတာသိလို့ ငါ့ဘာသာtaxi
နဲ့လာခဲ့တာ နင်လာကြိုမှာကိုစောင့်လို့က
တော့ ကားဂိတ်မှာ အိပ်ရတော့မှာ ဝွန့် ''

"နင်မအိပ်ချင်လို့ပြန်လာတာမလားပွစိ
ပွစိမပြောနဲ့တော့ ''

"အံမာ ဘယ်မှာပြောနေလို့လည်းနင်ပဲ
လာကြိုမယ်ပြောပြီးလာကမကြိုပဲနဲ့
ငါ့ကိုလာအော်နေတယ် တီသွယ်နဲ့တိုင်
လိုက်ရ ''

"တိုင်လေ ငါလည်း မေမေနီနဲ့တိုင်မှာ '

ရတီ နဲ့ ရှင်လွန်းက လုပ်ငန်းပိုင်းချင်း
မတူသဖြင့်တယောက်တစ်နေရာဆီ
မို့ ရောက်ဖို့က ငါးမိနစ်လောက်လမ်း
လျှောက်ရသည် ထို့ကြောင့်ရတီရိုက်
ကူးရေးပိုင်းထဲဝင်လာထဲကရှင်လွန်း
ဆီလာမှန်းအားလုံးက ပြောစရာပင်
မလိုပဲသိနေပြီးသား ။

တယောက်တစ်ခွန်းငြင်းနေကြပုံက
စေ့စပ်ထားသည်နှင့်မတူပဲတကယ့်
သူငယ်ချင်းအစစ်အမှန်တွေအတိုင်း
သို့သော် ရတီကို အားကျမနာလိုရသည့်
မိန်းကလေးတွေကလည်းမနည်းလှ....။

ရတီရဲ့ Facebook ကနေ ရှင်လွန်းနဲ့
စေ့စပ်တဲ့ပုံတင်လိုက်သည်နှင့်ဂျိုဝိုင်း
ကြွေးသည့်ကောင်မလေးတွေကမနည်း
ဒ်ီကြားထဲ တစ်ချို့သော GAYကြီးများ
ကပင် ရတီကို မနာလိုတိုရှည်ဖြစ်နေကြ
သေးသည် ။

ဥပမာပြောရရင် ကိုထက်ရတုနိုင်လိုမျိုး
ေပါ့...အဟီး ကြားသွားရင်လာဆော်ခံ
ရအုံးမည် သို့ပေမဲ့ ရတီကိုယ်တိုင်ထိုကိစ္စ
ကို သိပြီးသား ဘာလို့လည်းဆိုတော့ရှင်
လွန်းကို ရတီတို့အားလုံးရှေ့မှာချစ်ခွင့်
ပန်ဖူးသည်မဟုတ်လား ။

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now