ep 9

967 56 7
                                    

Fancy ပစ္စည်းများ နှင့်နူးညံ့သေသပ်စွာပြင်ဆင်ထားသော ထက်ရတုနိုင်အခန်းထဲမှ ပစ္စည်းရိုက်ခွဲသံတွေက တဒိုင်းဒိုင်း....။

အနုပညာလောကထဲ စဝင်ကတည်းက ဤပစ္စည်းများကိုအမြတ်တနိုးတန်ဖိုးထားခဲ့ပေမဲ့ယခုတော့ မြင်သမျှ အရာတွေကိုဖျက်စီးပစ်ချင်သည် ။ စိတ်ရှိတိုင်းလုပ်လို့ရမှလဲ ဝမ်းနည်းမူသက်သာပေမည် ။ ဤခံစားချက်မျိုး ကို ဝမ်းနည်းမူလို့ခေါ်လေသလား ။

မငိုပဲတစ်လှိမ့်လှိမ့် ကျဆင်းလာတဲ့မျက်ရည်တွေ ကြောင့် မျက်လုံးများပင်နီရဲကာယောင်ယမ်းနေလေပြီ ။  ဘယ်နေရာက်ိုပဲ
ကြည့် ကြည့် ချစ်ရသူ၏ ပင်ပန်းနွမ်းလျနေသော ပုံရိပ်များက တလွှားလွှား...။ စိတ်တိုပါသည် ကိုယ့်ကိုလည်း ဘာကြောင့်များ
အရူးအမူးချစ်မိတဲ့သူဆိီမှဥပေက္ခာတွေရခဲ့သလဲ ဆိုပြီးတော့ ။

ဘာကြောင့်များ ကိုလျှံမင်းထက် လိုလူမျိုးနားမှာမှ ရူံးနိမ့်ရပါသနည်း ။ ကလေးငယ်ကရော ဘာလို့ ကိုယ့်ကို ငြင်းပယ်ပြီး သူ့ကိုမှလက်ခံပါသလဲ ။ ကိုယ့်မှာက သူမကြိုက်လောက်တဲ့အချက် ဘယ်နေရာများရှိနေပါသလဲ...။

စိတ်ထဲမှမေးခွန်းများအဆုံး modelပြိုင်ပွဲက အမှတ်တရ ဆုတံဆိပ်များအားလူံးကိုရိုက်ခွဲပစ်လိုက်မိသည် ။

*စောင့်နေပါကလေးငယ် ကိုယ်မင်းကိုကိုယ့်ဆီအရောက်ခေါ်ပြမယိ.... ကိုယ်အတ္တကြီးမှရမယ်နဲ့တူပါတယ်ကွယ်...ကိုယ်နူးညံ့ပေးပြီးပြီလေ ခံလဲခံစားပေးပြီးပြီ မရတဲ့အဆုံး အတ္တတွေနဲ့ ချည်နှောင်မိရင် တောင်းပန်ပါတယ် ချစ်တယ် ကလေးငယ်*

..........

"လျှံမင်းထက် ညက အိမ်ပြန်မအိပ်ရလောက်အောင် ဘာတွေအရေးကြီးနေတာလဲ''

အိမ်ထဲဝင်ဝင်ချင်းမေးလိုက်တဲ့ တီတီကြီးကြောင့် မချိုမချဥ်မျက်နှာထားကိုပြင်ကာ

"သူငယ်ချင်းတယောက်ရဲ့ ပါတီရှိလို့
အစကအိပ်ဖစ်မယ်မထင်လို့ဖုန်းလှမ်းမဆက်လိုက်တာ နောက်မှသောက်တာများသွားလို့တီတီကြီး'('

"အော် ဟုတ်ပါပြီ ''.

"တ်ိတီကြီိး ပြောစရာရှိလို့လား''

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now