ep 20 (final )

1.2K 44 9
                                    

မနက်နိူးနိူးချင်းအေးနေသည့်ခံစားချက်
ကြောင့်အရင်ဆုံးလိုက်ရှာမိသည်ကဟို
လူကို...... ။ ေဘးကနေရာမှာလူမရှိ
တော့တာမို့ဘအိပ်ချင်စိတ်တွေကကြက်
ပျောက်ငှက်ပျောက် ပျောက်သွားရကာ
ချက်ချင်းထ ထိုင်လိုက်မိ၏ ။

သူဘယ်ရောက်သွားလေသနည်း ။ ဒီ
နေ့က ကျွန်တော်တို့အမေရိကကိုထွက်
သွားကြမဲ့နေ့လေ....။

အော် သူပြင်ဆင်နေတာဖြစ်မှာပါဆို
တဲ့အတွေးနှင့်သိပ်မကျယ်ဝန်းလှတဲ့
တိုက်ခန်းလေးထဲကိုနေရာအနှံ့ထပ်ခါ
ထပ်ခါရှာဖွေနေပေမဲ့ ။ ​ရှောင်ပုန်းနေသူ
အလား အရိပ်အယောင်ပင်မတွေ့ရ.. ။

သူ ကျွန်တော်ကိုထားသွားလေသည်
လား....။ ဟင့်အင်းမဖြစ်နိုင်ပါဘူးသူ
ကကျွန်တော်ကိုသိပ်ချစ်တာကျွန်တော်
နဲ့လဲမခွဲနိုင်ဘူးတဲ့...။ ဟုတ်တယ်သူထား
ခဲ့မှာမဟုတ်ဘူး 😢 ။

တင်းထားသည့်ကြားကပြည့်လျှံလာ
သောမျက်ရည်တွေကိုမသုတ်ပစ်ပဲကျ
ဆင်းစေမိလိုက်သည် ။ မကျပါနဲ့မျက်
ရည်ဆတွေရယ်မင်းတို့ကိုတာဝန်ယူမဲ့
ပိုင်ရှင်က ပျောက်နေတာမို့သူ့ကိုတွေ့
အောင်ရှာကြရအောင်လေနော်...သူ့ကို
တွေ့မှတဝကြီးငိုချပစ်ပါ...။

အခုတော့ ငါတကယ်မင်းတို့ကိုဂရုစ်ိုက်
မှာမဟုတ်လို့ထပ်မကျဆင်းလာပါနဲ့...။
မသုတ်ပစ်မိသောမျက်ရည်ဆတွေ
ကြောင့်ရေချိုးခန်းထဲကလှည့်အထွက်
ဆပ်ပြာခဲကြီးကိုမမြင်နိုင်စွာတက်နင်း
မိရင်း ဦးခေါင်းနှင့် ကြွေပြားချပ်တွေ
ဆောင့်သံက 'အုန်း ' ခနဲ့..... ။

ပိုပြီးဝေဝါးလာတဲ့မြင်ကွင်းနှင့်အတူ
တမ်းတနေမိသည်က ထိုလူ ။ ဟုတ်ပါ
သည် သူတစ်ချိန်လုံး လျှံမင်းထက်ဆို
သည့် သူ့ကို ခဏခဏပစ်ထားခဲ့တတ်
တဲ့ထိုပုဂ္ဂိုလ်သာ တမ်းတနေမိပါသည်

ပိုင်ရှင်ရေ .....

ခင်ဗျားပိုင်တဲ့အရာတစ်ခုကိုစွန့်ပစ်ခဲ့
လေပြီလား တစ်ချိန်ကကျွန်တော်က
ခင်ဗျားအတွက်သိပ်တန်ဖိုးရှိခဲ့ပါတယ်
ဆို....... ။

................

ဒီတစ်ခါရောဆိုကျွန်နော်ဖုန်းခေါ်နေတာ
၁၀၂ခါရှိနေပေမဲ့ လူကြီးမင်းနှင့်သာညား
နေသောကြောင့်ဒေါသကအလိုလိုထွက်
လာရသည် ။ ဘာတွေ $လုပ်ရူပ်နေလို့
များဖုန်းမကိုင်ရတာလဲကွာ....။ ကျစ်!

You've reached the end of published parts.

⏰ Last updated: Oct 14, 2021 ⏰

Add this story to your Library to get notified about new parts!

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now