ep 5

759 69 0
                                    

မတွယ်ငြိသင့်သောသံယောဇဥ်

Ep 5

ကျွန်တော်တို့မော်လမြိုင်ရောက်တော့နေ့လည်၂နာရီခန့်သာရှိသေးသောကြောင့်
Ceo အလုပ်ရှိသည့်အိမ်သို့အရင်ဝင်ခဲ့လိုက်တော့၏ ။ ceoအသိအိမ်ကကျွန်တော်တို့အိမ်နှင့်တော့ သိပ်မဝေးလှပါ ။ ကျိုက်သုတ်ဘုရားလမ်းထဲတွင်ပဲ ဖြစ်သည် ။ ကျွန်တော်တို့အိမ်က မော်လမြိုင် ပြည်သူ့ဆေးရုံကြီး
အနောက်ဘက်လမ်းထဲမှာ ceoအသိအိမ်က
အရှေ့လမ်းကြားထဲမှာ လမ်းလျှောက်သွားရင်တောင် ၁၅မိနစ်လောက်ပဲ ကြာပေလိမ့်မည် ။

သို့ပေမဲ့ ceoအလုပ်ပီးသည်အထိ ေစာင့်နေလိုက်သည် ။ ကိုယ့်နောက်လိုက်လာသောဧည့်သည်ကိုတစ်ယောက်ထဲထားခဲ့ပြန်ရင်လဲ
မဟုတ်ဘူးမလား ။ ceoကအထဲ ဝင်သွားတော့ ကျွန်တော် လဲ လိုက်မဝင်တော့ပဲကားထဲကသာ စောင့်နေလိုက်တော့သည် ။ceoကိုစောင့်ရင်းမေမေ့ကိုပါ တစ်ခါထဲဖုန်းကြိုဆက်လိုက်မိ၏ ။

"ဟယ်လို သားကြီး''

"ဟုတ်ကဲ့မေမေ ကျွန်တော်တို့မော်လမြိုင်
ရောက်ပြီဗျ''. .'

"ဟုတ်လားသား မေမေလာကြိုရမလား
ဘယ်ကားနဲ့လာခဲ့တာလဲ''

"လာမကြိုပါနဲ့တော့မေမေ ကျွန်တော် ရုံးက
Ceoကားနဲ့လာတာဗျ အခုceoကအလုပ်လေးရှိနေလို့ စောင့်ပေးနေတာ အငယ်လေးရောသက်သာရဲ့လားမေမေ''.

"အင်း သက်သာတယ်ကွဲ့...သားလဲဂရုစိုက်အုံးနော်''

"ဟုတ်မေမေ အိမ်ရောက်မှတွေ့မယ်ဗျ''

"ဟုတ်ပြီသားလေး''

"ဒါဆို ကျွန်တော်ဖုန်းချလိုက်ပြီနော်''

ဟုပြောကာ တီ ခနဲ့ ဖုန်းချလိုက်တော့၏ ။
ငယ်လေးသက်သာတယ်ဆိုသောစကားကြောင့်အိမ်မြန်မြန်ရောက်ချင်စိတ်တော့မဆောတော့ပါ ။

ခဏလေးကြာတော့ceoကလူတစ်ယောက်နှင့်အတူ ပြန်ထွက်လာတာလေသည်။ ထိုဦးလေးကြီးကို ကျွန်တော်ကျောင်းတက်နေတုန်းက တွေ့ဖူးသော်လဲ သိကျွမ်းခြင်းတော့မရှိ ။ ထိုဦးလေးကြီးကceoကို ကားနားအထိလိုက်ပို့ရင်း ကျွန်တော်ကိုမြင်တော့

"အော် မောင်မင်းလျှံထက်ရယ် ဒီကောင်
လေးကိုပါ အထဲခေါ်ခဲ့တာမဟုတ်ဘူးအခု
တော့အကြာကြီးစောင့်လိုက်ရပြီ''

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now