ep3

868 80 0
                                    

ကျွန်တော်ဆင်းလာတော့ တီတီကြီးက မနက်စာပြင်နေလေသည် ။ ကျွန်တော်ကိုမြင်တော့
ခပ်သဲ့သဲ့ပြုံးရင်း

"သားမင်းလျှံ ရုံးသွားတော့မလို့လား''

"ဟုတ်တီတီကြီး''

"အလုပ်အကိုင်တွေရောအဆင်ပြေရဲ့လား''

"ဟုတ်တီတီကြီး''

"မနေ့ကတော့ ​ရှေ့နေကြီးလာသွားတယ်
မင်းအဖေရှာခိုင်းတဲ့ကလေးကိုတွေ့လား''

တီတီကြီး မေးတော့ကျွန်တော် ကော်ဖီပန်းကန်ကို ကျွန်တော်အရှေ့ဆွဲလိုက်ရင်း
ကိတ်မုန့်ပန်းကန်ထဲက ကိတ်တစ်စိတ်ကိုပါယူရင်းပါးစပ်ထဲထည့်လိုက်၏ ပြီးမှ

"ဟုတ်တွေ့ပြီတီတီကြီး''.

"အသက်ဘယ်လောက်လောက်ရှိပြီလဲ''

"၂၀ဝန်းကျင်နေမှာပေါ့('

"အာရုဏ်ရတဲ့ပုံမပေါ်ဘူးနော်''

"အဟက် တီတီကြီးဖြစ်စေချင်သလိုပဲ
မဟုတ်ဘူးလား ကျွန်တော်ကလည်းဖေဖေသေတမ်းစာအတိုင်းလုပ်ပေးရုံပဲကျွန်တော်ညီလေးအဖြစ်ဘယ်တော့မှအသိအမှတ်ပြုမှာမဟုတ်ဘူး...('

ဒေါ်ခင်ခင်ကြီး ကျေနပ်စွာပြုံးရင်း

"အမွေကိစ္စကိုရောဘယ်လိုလုပ်မှာလဲ''

"ဖေဖေသေတမ်းစာထဲကအတိုင်း သူအိမ်ထောင်ကျမှ ဖေဖေသူ့နာမည်နဲ့လွဲပေးခဲ့တာတွေကိုပြန်ပေးရုံပေါ့''

"ဟုတ်ပါပြီ....အခုရောအဲ့ကောင်လေးကဘယ်မှာလဲ'

"တီတီကြီးကသိပြီးဘာလုပ်မှာလဲ''

"အဟင်း...ဘာမှမလုပ်ပါဘူး သိချင်ရုံပါ''

"သိလည်းဘာမှလုပ်လို့ရမှာမဟုတ်ပဲနဲ့
သိချင်မနေပါနဲ့တီတီကြီး...ကဲ ကျွန်တော်
သွားတော့မယ်''

ဘာကြောင့်မှန်းတော့မသိပါ တီတီကြီး
ရှင်လွန်းငယ်အကြောင်းမေးသည်ကိုတစ်စက်လေးမှသဘောမကျ.....။

........

ကျွန်တော်ရုံးခန်းထဲဝင်လာတော့ ဟိုကောင်လေးကရောက်နှင့်နေပြီဖြစ်သည် ။ အကျီအပြာနု တီရှပ်ပွပွလေးကိုမှဘောင်းဘီအမဲဒူးထိလေးဖြင့်လိုက်ဖက်စွာဝတ်ဆင်ထားလေသည် ။ ဆံပင်ခပ်ဝါဝါလေးတွေကဘာမှမလိမ်းထားသောကြောင့် လွတ်လပ်စွာလူပ်ရှားနေလေသည် ။

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now