ep 12

712 51 14
                                    

မတွယ်ငြိသင့်သောသံယောဇဥ်

ဒီနေ့ရောဆို ၂၁ရက်ရှိပြီဖြစ်သည် ပေါက်စကျွန်တော်နား က ထွက်သွားခဲ့တာ အဆက်အသွယ် မရခဲ့သည့်အပြင် တီသွယ်
တို့ကပါ ပေါက်စ ဘယ်မှာရှိတယ်ဆိုတာသိရက်နှင့်ဖုံးကွယ်ပေးထားကြသည် မဟုတ်မှ
ကျွန်တော်တို့အကြောင်းကိုပြောပြလိုက်သည်များလား ။

ဒီ၂၁ရက်အတွင်း သိသိသာသာပြောင်းလဲသွားတာဆိုလို့ ကျွန်တော် မုတ်ဆိတ်မွှေးနဲ့
နှူတ်ခမ်းမွှေးတွေရှည်လာတာပင် ဆံပင်က
လည်း ခပ်အုပ်အုပ်ဖြစ်နေပြီဖြစ်သည် Hair
Sloane ထိ သွားဖို့လည်း အစီအစဥ်မရှိပါ
မမေကလည်းဆံပင်တွေညှပ်ဖို့ သပ်သပ်ရက်ရက်နေဖို့ ခဏခဏပြောနေပေမဲ့
ကျွန်တော် စိတ်မဝင်စားပါ

လူတွေဘယ်လိုဝေဖန်ပါစေ ကြိုက်သလိုဝေဖန်ကြပါစေ ကျွန်တော်ခံနိုင်ရည်ရှိသည်
ကုမ္ပဏီကိုမသွားဖြစ်တာလည်း ပေါက်စမရှိတော့ ထဲက ဖြစ်သည် မင်းမရှိပဲကိုယ်ဘယ်လိုရှင်သန်ရမလဲ ကလေးငယ်....

တစ်ကြိမ်ပါပဲ...တကယ် တစ်ကြိမ်လေးပါပဲ
ဒီတစ်ကြိမ်လေးပဲအခွင့်အရေးပေးပါကလေးငယ်...ကိုယ့်အပစ်တွေအတွက်ကိုယ်
ပြန်ပေးဆပ်ပါရစေ......

လက်ထဲကဝီစကီကိုမော့ချလိုက်ရင်းအဆင်မပျက်ရွာနေသော မိုးကို ကျိန်ဆဲမိလိုက်၏

"ီးမှမိုး...ကလေးငယ်ကိုလွမ်းရတဲ့ထဲ
မင်းကဘာအလုပ်လာရူပ်နေတာလဲ
အခုရပ်စမ်း...အခုရပ်...ငါ့ကိုလှောင်
ပြောင်နေတာတွေကို ရပ်စမ်း...''

အရူးတစ်ယောက်လို barထဲကပြေးထွက်
ရင်း လမ်းလည်ကမိုးရေတွေထဲမှာငိုကြွေး
ရမ်းကားနေသောကောင်လေးတစ်ယောက်
K&K Entertainment ရဲ့ceoပါလို့ပြောရင်
သူ့ကိုလူတိုင်းကဟားတိုက်ကြပေလိမ့်မည်
အရက်သမားရုပ်ပေါက်ရုံသာမက အရင်ကနှင့်မတူစွာ ရိုင်းပြလာလေသည် ။

မိုးရေထဲမှာ တ ဝကြီး ငိုပြီးမှ လက်ထဲက အရက်ပုလင်းကိုဆွဲကာ အိမ်ပြန်ရန်နဲ့တဲ့တဲ့
ခြေလှမ်းများနှင့် စတင်ထွက်ခွာလာခဲ့လေ
သည်...ပါစပ်ကလည်း ကလေးငယ် ဟုသာ
ရေ ရွက်နိုင်ပါတော့သည် ။

သိပ်မကြာခင် မိုးရေထဲ ထပ်မံလဲကျသွားလေသလို လုံးဝအမှောင်အတိဖုံးလွမ်းသွားခဲ့ရသည် ။ ဘယ်အ​​ေ​ခြအနေဖြစ်ဖြစ် ကိုယ်မင်းကို တွေ့ခွင့်လေးတော့ ရချင်သေးရဲ့...
ဆုတောင်းပြည့်ပါ့မလားဆိုတာ ကိုယ်မသိဘူးကလေးငယ်....ဒါပေမဲ့ ကိုယ့်မှာဆုတောင်းခွင့်လေးပဲရှိတာမို့.......။

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now