ep 18

636 28 0
                                    

မတွယ်ငြိသင့်သောသံယောဇဥ်
Ep 18

"ဟင်...မေမေ...''

တံကားဖွင့်ဖွင့်ချင်းတွေ့လိုက်ရသော
မျက်နှာပိုင်ရှင်ကြောင့်ရှင်လွန်းသွေး
ပင်ဆောင့်တက်သွားသယောင်......။

"သားဘာလို့လန့်သွားတာလည်းမေ
မေက အတော်လေးအိုနေပြီလား...''

"အားး...မဟုတ်ရပါဘူးမေမေရယ်
မေမေကလာမယ်မပြောပဲရောက်လ
ာတော့ကျွန်တော်က အံ့သြသွားလို့
ပါ....အဟင်း...''

ကားပါကင်မှာကားထိုးနေသူကမစဥ်း
စားမဆင်ချင်ပဲ လာမဖက်နမ်းပါစေ
နဲ့ဟု စိတ်ထဲမှ ကြိတ်၍ဆုတောင်းရ
သည်က အကြိမ်တစ်ရာမကတော့.....။

"သား အခန်းထဲမှာ အကျီဆိုဒ်အကြီး
ကြီးတွေ ရောက်နေသလားလို့ဘာလု
ပ်ဖို့လဲရှင်လွန်း ''

"ဟို...အဲ့. အဲ့ဒါက ကိုလျှံမင်းထက်အ
ကျီတွေ... အဟင်း..''

မအီမသာရယ်ပြရသည်သမသက်
သာလှ............။

"အော်  လျှံလေးရောသားနဲ့လာနေတ
လားဒါဆိုပိုကောင်းတာပေါ့မေမေက
သားတစ်ယောက်ထဲဆိုပြီးစိတ်ပူနေ
တာ...''

ထိုစဥ်...

"ကိုကိုရေ ''

ဆိုပြီးရှင်လွန်းအိပ်ခန်းေဘးကအခန်း
လွတ်ထဲကနေ ဆံပင်ကောက်ကောက်
လေးတွေတလွင့်လွင့်နှင့်ပြေးထွက်လာ
သော ချစ်ရပါသောညီမလေးပိစိ...... ။

"အားးး.ပိစိလေး...လာပါအုံးကိုကိုဆီ''

ကျွန်တော်ကလက်နှစ်ဖက်ဆန့်ကာခေါ်
တော့ ပေါင်ပေါ်ခွေးပေါက်စလေးလိုတ
ကုန်းကုန်းတက်ရင်း

"ကိုကိုက ဆိုးလိုက်တာ အရင်နေ့ကပိစိ
ကိုမနူတ်ဆက်ပဲနဲ့ ပြန်သွားတယ်ပိစိလေး
ကလွမ်းနေတာ ပြီးတော့လေ ကိုကိုဘာ
ဖြစ်လို့လည်းဆိုပီးစိတ်ပူနေတာ...''

အသက်နှင့်မလိုက်အောင်စကားတတ်
နေသော ပိစိလေးရဲ့ ပါးပြင်ညိုညိုလေး
ကို နှာခေါင်းလေးနစ်ဝင်အောင်နမ်းရင်း

"အဲ့နေ့က ကိုကိုက အရေးကြီးကိစ္စရှိ
လို့ ပိစိလေးရဲ့ ပိစိလေးကိုစိတ်ပူအေ
ာင်လုပ်မိရင်တောင်းပန်တယ်နော် ''

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now