ep 15

730 43 1
                                    


ရေချိုးခန်းထဲကထွက်လာသော ဟိုလူကို
ကျွန်တော် သူလုပ်သမျှလိုက်ကြည့်နေမိ
၏ နူတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေ
ရိတ်သင်လိုက်သောကြောင့်ကြည်လင်
သော အသားအရည်ထက် ခပ်စိမ်းစိမ်း
လေးဖြစ်နေလေသည် ညှပ်ထားတာမ
ကြာသေးသောကြောင့်ပုံမကျသေးသော
ဆံပင်ပုံစံနှင့်ပင် ကြည့်ရဆိုးမသွား ....

ဤမျှ ကြည့်ကောင်းသောကျွန်တော်
လူကြီးဖြစ်ပါလေသည် ကျွန်တော်တစ်ခု
မကျန်လိုက်ကြည့်နေတော့ သိသွားဟန်
ဖြင့်

"ကိုယ်ကအဲ့လောက်ချောနေလို့လား
ရှင်လွန်းငယ် ''

ထိုမှ မျက်နှာလွှဲလိုက်ရင်း

"ဟုတ်နေမယ် ကျွန်တော်ရွေးပေးထား
တဲ့ဆံပင်ပုံစံကိုပဲ ကြည့်တာပါနော် ''

ကျွန်တော်စကားအဆုံး အကျီ ဝတ်ပြီး
ကုတင်ပေါ်တက်လာရင်း ကျွန်တော်
ဘေးဝင်ထိုင်ကာ သေချာစိုက်ကြည့်နေ
ရင်း

"သေချာတယ်ပေါ့လေ ကိုယ့်ကိုမကြည့်
တာ...''

ကျွန်တော် ခပ်စောင်းစောင်းမော့ကြည့်
လိုက်ရင်း

" အွန်း ''

"အဟားးး သေချာလို့လား ကိုယ်တွေ့
တာတော့ မင်းကိုယ့်ကိုကြည့်နေတာပါ
ကွာ...''

စိတ်မရှည်သည့်အဆုံး

"ကြည့်တော့ကောဘာဖြစ်လည်းခင်ဗျား
အသား ပဲ့ပါသွားသလား ကျွန်တော်ကြည့်
တာက ခင်ဗျားလို အရည်ပြားပေါ်မှာ
အရာတွေထင်အောင်လုပ်နေတာမဟုတ်
ပါဘူးနော် ''

ကျွန်တော်က ကိုယ့်ကိုမကြည့်တာသေ
ချာလားဟုပဲမေးသည်ကို မျက်စောင်း
ထိုးကာ ကပ်ကပ်လန်ပြန်ပြောနေသူ
ကြောင့် စ ချင်စိတ်က အစွန်းအဆုံးမှာ
ရောက်သွားရတော့၏

"ဟုတ်လား ကိုယ်ထင်တာတော့အရင်
နေ့က ခင်ဗျားစိတ်မပါလည်းကျွန်တော်
လိုချင်တယ်ဆိုပြီးပြောတာဘယ်သူပါ
လိမ့်....အဟမ်းးး ''.

စကားအဆုံး ကျွန်တော်ခေါင်းပေါ်ဝဲ
ပျံလာသော ခေါင်းအုံးများနှင့်ဖက်လုံး
များ ........

"မကောင်းတဲ့လူကြီးခင်ဗျားဘယ်သူ့
ကိုပြောနေတာလည်း ဟမ်....သွားအ
ခုက စပြီး အနားလာ မကပ်နဲ့...သွား '

မတွယ်ငြိသင့်သောသံယောဇဥ်Where stories live. Discover now