Prologue

20.3K 761 4
                                    

(Unicode)

_Dear Crown Prince_

_ ချစ်သော အိမ်ရှေ့စံ _


အိပ်စက်ရာမှ အသိဝင်လာတိုင်း
မျက်လုံးတွေ မဖွင့်ခင်မှာ ခုတင်ရဲ့
ညာဘက်ခြမ်းကို စမ်းတတ်သည်က
အကျင့်တစ်ခုလို..

အေးစက်တဲ့ တစ်ဖက်နေရာကို
လက်တွေမှတစ်ဆင့် ခံစားမိတဲ့အခါ
ရင်ထဲမှာတော့ ဟာတာတာ..

ကြီးမားတဲ့ စံနန်း​တော်ထဲရှိ ခုတင်က
ဘယ်လောက်ပဲကျယ်ကျယ် သူကတော့
တစ်ယောက်ထဲပဲ ။

နူးနူးညံ့ညံ့ စောင်တွေရဲ့ နွေးထွေးမှုထက်
ကိုယ်ငွေ့နွေးနွေးကို တောင်းတတဲ့
သူ့အတွက်တော့ ရင်ထဲမှာ
သိပ်အေးနေသလို ခံစားရမြဲ ။

သူ့မှာ ခင်ပွန်းရှိတယ်။
ဒါပေမဲ့..
သူက အထီးကျန်ရတယ် ။
အိမ်ရှေ့စံမှ သူ့ကို မချစ်ပဲကို...

ကြင်ယာတော် ဝမ်ရိပေါ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကြင်ယာတော် ဝမ်ရိပေါ်

•••

တရုတ်ပြည်ရဲ့ စည်းမျဥ်းခံဘုရင်စနစ်မှာ
ဘုရင်ကြီး ရှောင်းချန့်ရဲ့သား ရှောင်းကျန့်က
အိမ်ရှေ့စံမင်းသားတစ်ပါး ။

ချောမောတဲ့ အသွင်ပြင်နဲ့ ထက်မြက်တဲ့
အရည်အချင်းကြောင့် တရုတ်ပြည်ရဲ့
အိမ်ရှေ့စံက လူအများကြားမှာ
ထင်ရှားတယ် ။

အိမ်ရှေ့စံက အရာရာပြည့်စုံပါတယ်။
အချစ်ရေးကလွဲလို့ပေါ့ ။

သူ့ရဲ့အချစ်က သူလက်ထပ်ထားတဲ့
ကြင်ယာတော်မဟုတ်ဘူး ။

ကိုယ်ချစ်ကို မရတဲ့အခါ
သူချစ်ကို ရွေးဖို့ အိမ်ရှေ့စံက
ဆုံးဖြတ်ခဲ့တယ် ။

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now