DCP- 10

8.4K 801 79
                                    

(Unicode)

သူ့အတွက် မျှော်လင့်ခွင့် မရှိဘူး။
စောင့်ဆိုင်းခြင်း အသုံးမဝင်ဘူး။
သက်ဆိုင်ခွင့်လည်း မရနိုင်ဘူး။
ချစ်ခြင်းတရားဆိုတာ မျှတမှုမရှိတဲ့ စိတ္တဇနာမ်လေးသာ..

____________________

ဝမ်အိမ်တော်ကိုရောက်တဲ့အခါ စိုက်ထားခဲ့တဲ့ ချယ်ရီပင်တွေဆီကို အရင်သွားကြည့်မိတယ်။ အပင်ပေါက်လေးတွေက သူစိုက်ခဲ့စဥ်ကထက် မဆိုသလောက်တော့ ကြီးလာကြပါတယ်။ ပန်းတွေပွင့်ဖို့ဆိုရင်တော့ အကြာကြီးစောင့်ရအုံးမှာ။ နှစ်တွေအများကြီးပေါ့။

ဒါတောင် ပွင့်လာတဲ့ပန်းက ဂျပန်မြေကပွင့်တဲ့ပန်းနဲ့ ကွာခြားမှုရှိနေအုံးမှာကို သိရဲ့သားနဲ့ သူစိုက်ခဲ့တာက အိမ်ရှေ့စံနှစ်သက်နေလို့။ သူက အိမ်ရှေ့စံကို နှစ်တွေအများကြီး ချစ်သွားဖို့ ကြံစည်ခဲ့တာပဲ။

"တိတိပြန်လာတာ အိမ်ကိုလွမ်းလို့ပြန်လာတယ် ထင်နေတာ။ ဘယ်ဟုတ်မလဲ.. တိတိက တိတိစိုက်ခဲ့တဲ့ အပင်တွေကိုလာကြည့်တာပဲ "

ဝမ်ရိကျိုးက နောက်တောက်တောက်ပြောတဲ့အခါ ရိပေါ်ရဲ့ နှုတ်ခမ်းတွေက ပြုံးရုံဆိုမျှသာ တွန့်တက်သွားလေရဲ့။

"ကျွန်တော်ပြန်လာတာ ကောကောကို လွမ်းလို့ပါ။ အပင်တွေကို တွေ့ချင်လို့မဟုတ်ဘူး "

ဖြစ်နိုင်ရင် အပင်တွေကိုလည်း ချက်ချင်းဆွဲနှုတ်ပစ်ချင်ပြီ။

"ကောကောကစတာပါ။ တိတိက ကောကောကို စိတ်ဆိုးနေလောက်မယ်လို့ ထင်ထားတာ။ ကောကောက တိတိဆီကိုမလာလို့လေ "

"ကောကောမှ မအားပဲကို ကျွန်တော်စိတ်မဆိုးပါဘူး။ နန်းတော်ထဲမှာနေရတာ ပျင်းစရာကောင်းပေမဲ့ ကျွန်တော် အသားကျနေပါပြီ။ အချိန်အများစုကတော့ ကျွန်တော်တစ်ယောက်တည်းပဲပေါ့ "

"လက်ထပ်ခဲ့တာ နောင်တရလား တိတိ "

လေးနက်စွာမေးနေတဲ့ ကောကောကြောင့် အဖြေစကားအတွက် အနည်းငယ်တွေဝေမိတယ်။

"..မရဘူး .. ဒါပေမဲ့ ကျွန်တော်တို့လက်ထပ်ခဲ့တာ စောသွားတယ်လို့ ကျွန်တော်ထင်တယ်။ အိမ်ရှေ့စံက ကျွန်တော့်ကို လက်ခံနိုင်ဖို့ အချိန်တွေလိုသေးတယ်လေ "

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now