DCP - 15

10.1K 823 37
                                    

(Unicode)

မက်မွန်တွေက ကြွေတယ် ။
ရင်ခုန်သံတွေက ညံတယ် ။
အပြုံးတွေက လှတယ် ။
အနမ်းတွေကတော့ ချိုတယ် ။
_____________________

🌸...

ရောင်နီမလာသေးတဲ့မနက်ခင်းက အေးစိမ့်နေတယ် ။ ဆောင်းဦးလေတွေက မက်မွန်ပင်တွေအနားမှာမှ တိုးဝှေ့နေတော့ ပွင့်ဖတ်နုနုတွေက ဝမ်ရိပေါ်ရဲ့ကိုယ်ပေါ် ကြွေကျတယ် ။

ကိုက်ခဲနာကျင်နေတဲ့ခန္ဓာကိုယ်ကို လျစ်လျူရှုရင်း ပန်းပွင့်တွေကို သူကငေးကြည့်နေမိတယ် ။

မက်မွန်ပန်းတွေ...

မက်မွန်တွေရဲ့အဓိပ္ပါယ်က အချစ်ရဲ့ကျေးကျွန်ပါတဲ့ ။ မက်မွန်တွေနဲ့တူတဲ့ သူကလည်း အိမ်ရှေ့စံရဲ့အပါးမှာမှ ​ပြေးမထွက်လိုတဲ့ အကျဥ်းသားဖြစ်လိမ့်မယ် ။

"...အင့်... "

မက်မွန်ပင်အောက်မှာရပ်နေတဲ့ ရိပေါ်ကို အိမ်ရှေ့စံကအနောက်ကနေ ပွေ့ဖက်လိုက်တယ် ။

"အိမ်ရှေ့စံ.. "

"မင်းကဒီမှာပဲ.. မင်းပျောက်သွားလို့ ငါလိုက်ရှာနေတာ "

"......."

ယှက်ထားတဲ့ရိပေါ်ရဲ့လက်ကို အိမ်ရှေ့စံက ပွေ့ဖက်ထားလျက်အနေအထားဖြင့် ဆုပ်ကိုင်နေတယ် ။

"မင်းရဲ့လက်လေးတွေတောင် အေးစက်နေပြီပဲ.. အစောကြီးမထပါနဲ့လား "

ရိပေါ်ရဲ့ပုခုံးပေါ် မေးတင်ထားတဲ့ အိမ်ရှေ့စံက သူ့အပေါ်မှာ ကြင်နာနေတာ ဘာကြောင့်မို့လဲ ။

"အခု စိတ်ချမ်းသာပါရဲ့လား "

"အင်.. "

အိမ်ရှေ့စံရဲ့ဖြေသံကို ကြားရတဲ့ရိပေါ်က ခေါင်းကိုသာသာညိမ့်လိုက်တယ် ။ ချစ်ဦးစိတ်ချမ်းသာနေမှတော့ သူ့အတွက်ဘာလိုအုံးမှာလဲ ။

"ကျွန်တော်က မက်မွန်ပွင့်တွေနဲ့တူလား "

"ဟင်အင်း .. မင်းက မက်မွန်တွေထက်ပိုလှတယ် "

"ဒါပေမယ့် ဆာကူရာပန်းတွေနဲ့ အတူဆုံးပန်းက မက်မွန်လေ အိမ်ရှေ့စံရဲ့.. "

"ရိပေါ်.. "

"အိမ်ရှေ့စံအဆင်ပြေရင် ကျွန်တော်လည်း အဆင်ပြေတယ်.. ဒါကြောင့်မို့ ကျွန်တော့်ကို တစ်ခြားသူရဲ့နေရာမှာ အစားထိုးထားလည်းရတယ် "

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now