Final

10.8K 803 67
                                    

(Unicode)

ဝမ်ရိပေါ်အတွက် အခွင့်အရေးနည်းတဲ့
လူတစ်ယောက်နဲ့ဆုံရခြင်းက ကံကောင်းသလား ။

______________________

အချိန်တွေက ခပ်မြန်မြန်ပဲကုန်ဆုံးလာတယ် ။
အိမ်ရှေ့စံနဲ့ကြင်ယာတော်တို့ လက်ထပ်ခဲ့သည်မှာ မကြာခင်ပင် တစ်နှစ်ပြည့်တော့မည် ။

ဘုရင်ကြီးရဲ့မွေးနေ့အထိမ်းအမှတ်အနေဖြင့် ကျင်းပသည့်ညစာစားပွဲကို စံနန်းတော်တွင်ပြုလုပ်သဖြင့် အိမ်ရှေ့စံတို့အတွဲက နော်ဝေးမှမနေ့ကပဲ ပြန်ရောက်လာခဲ့ကြတယ် ။

တော်ဝင်စားပွဲရှည်ကြီးတွင် အိမ်ရှေ့စံရဲ့ဝမ်းကွဲမောင်နှမများနှင့် အတူထိုင်နေသည့်ရိပေါ်ကို တစိမ့်စိမ့်ထိုင်ကြည့်နေတဲ့ အိမ်ရှေ့စံဟာ စားပွဲထိပ်မှလှမ်းကြည့်နေတဲ့ ဘုရင်ကြီးနဲ့မိဖုရားကိုမှ အားမနာပဲ အကဲပိုလွန်းပါတယ် ။

"ရှောင်းကျန့်ကောခင်ဗျ..
ကောကြင်ယာတော်က ထွက်မပြေးပါဘူးနော်.. "

ရှောင်းပိုင်ကစတော့ အိမ်ရှေ့စံကချောင်းဟန့်တယ် ။

"ရှောင်းကျန့်ကောတို့အတွဲက ဒီလိုပဲလား.. "

နိုင်ငံခြားမှအလည်လာတဲ့ ဝမ်းကွဲတွေက မနေနိုင်တဲ့အဆုံးဝင်မေးတယ် ။

"အိုးဟိုးဟိုး.. ရှင်းကောတို့ မသိလို့.. ရှောင်းကျန့်ကောတို့အတွဲက စံနန်းတော်မှာ မမြင်ချင်လောက်အောင်ရိုတာ.. "

"ဟုတ်လား.. ငါတော့အားကျသွားပြီဟေ့.."

"အားကျလည်း ရိပေါ်လိုချစ်စရာကောင်းတဲ့သူကိုတော့ မင်းတို့ရမှာမဟုတ်ဘူး ။ ဝမ်ရိပေါ်ရဲ့ချစ်စရာကောင်းမှုက နှစ်ယောက်မရှိဘူးလေ.. "

အိမ်ရှေ့စံရဲ့စကားကြောင့် ရှောင်းပိုင်ကနင်သွားရှာတယ် ။ ရိပေါ်လည်း အားနာနာဖြင့်သာ ရယ်ပြလိုက်တယ် ။ အိမ်ရှေ့စံကို သူလည်းမနိုင်တော့ဘူး ။

သူတို့ကိုရှောင်းမေက ပြုံးပြုံးလေးသာ ထိုင်ကြည့်နေတယ် ။ ကောကောကတော့ မကြာသေးခင်ကပဲ LAက ရုံးခွဲကိုအပြီးထွက်သွားခဲ့တယ် ။

ပါးပါးကလည်း ကောကောငြင်းတဲ့ မင်္ဂလာပွဲကိုဖျက်လိုက်ပါတယ် ။ ကောကောကမွေးစားသားပေမဲ့ ပါးပါးကတော့ သားအရင်းတစ်ယောက်လို ချစ်ရှာပါတယ် ။

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now