DCP-5

7.4K 738 23
                                    

(Unicode)

ကြင်ယာတော်က
အိမ်ရှေ့စံရှိရာကို မျက်နှာမူပါတယ်။
အိမ်ရှေ့စံကတော့
ကောင်းကင်ကြီးကို ငေးနေခဲ့တယ်။
ဟိုး... အမြင့်ကြီးကိုလေ...

____________________

နိုင်ငံအများစုမှာ ဟိုးလေးတစ်ကျော် ဖြစ်နေခဲ့သည့်သတင်းက တရုတ်ပြည်ရဲ့အိမ်ရှေ့စံ စေ့စပ်လိုက်တဲ့သတင်း။

'အိမ်ရှေ့စံမင်းသားရှောင်းကျန့်နှင့် ဝန်ကြီးချုပ်ရဲ့သား ဝမ်ရိပေါ်တို့ လက်ထပ်တော့မည် '
ဆိုသည့် ခေါင်းစဥ်က weibo hot search no.1မှာ ရက်သတ္တပတ်အတော်ကြာအောင် နေရာယူခဲ့ပြီးနောက်မှာ..

'ယွမ်သန်းပေါင်းများစွာ ကုန်ကျမည်ဟု ခန့်မှန်းရသည့် အိမ်ရှေ့စံတို့ မင်္ဂလာပွဲ '
ဆိုသည့် ခေါင်းစဥ်ကနေရာယူပြန်တယ်။

သတင်းတွေအောက်မှာ အမျိုးသားကြင်ယာတော်နှင့် ပတ်သက်သော မှတ်ချက်များက ကောင်းသည့်မှတ်ချက်မျိုးလည်း ရှိသလို ဆိုးသည့်မှတ်ချက်မျိုးလည်း ရှိနေသည်။

ကောင်းကောင်းဆိုးဆိုး အိမ်ရှေ့စံမင်းသားရှောင်းကျန့်ကိုတော့ အမျိုးသမီးထုကြီး မရနိုင်တော့မည်မှာ အမှန်တရားတစ်ရပ်။

မင်္ဂလာပွဲကျင်းပရာ မြို့လယ်က အထပ်မြင့်အဆောက်အအုံကြီး ပတ်လည်မှာတော့ တော်ဝင်တပ်သားများက ဝန်းရံထားသည်။

ရွှေရောင်တဖိတ်ဖိတ်လက်နေသော အတွင်းပိုင်းအပြင်အဆင်များက အကုန်အကျများကြောင်း ဖော်ပြနေသလို ကောင်းကင်တွင် ဝဲပျံနေလျက်ရှိသော စစ်လေယာဥ်များကလည်း အိမ်ရှေ့စံတို့မင်္ဂလာပွဲကို ချီးမြှောက်ဖို့အသင့်။

ဘုရင်ကြီးနှင့်တကွ တော်ဝင်အမျိုးအနွယ်များအပြင် တော်ဝင်မိသားစုက ဖိတ်ကြားထားသော နိုင်ငံပေါင်းစုံမှ အကြီးအကဲတစ်ချို့နှင့် ပရိသတ်များက ခန်းမထဲတွင်နေရာယူကြပြီး ပြည်သူအများစုကတော့ အဆောက်အဦ၏ အပြင်ဘက်တွင် တိုးကြိတ်စွာရှိနေကြသည်။

အိမ်ရှေ့စံတို့ မင်္ဂလာပွဲကို စိတ်ဝင်စားသည့် နိုင်ငံအသီးသီးမှ လူများကလည်း အင်တာနက်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေလျက်။

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now