DCP - 16

9.5K 858 57
                                    

(Unicode)

ဝမ်ရိပေါ်က သံလိုက်တုံးလေးဆိုရင်
သူကတော့ ခပ်မာမာအစိုင်အခဲတစ်ခုမှာ
စွဲတွယ်နေတဲ့ သံချောင်းကလေးဖြစ်လိမ့်မယ် ။

__________________

အတိတ်တွေကိုပြန်လှည့်ကြည့်ရင် ဟောင်းနွမ်းနေတဲ့ ပုံရိပ်တွေရှိတယ် ။

.
.

ဖိုးဖိုးနန်းစွန့်တဲ့အခါ ပါးပါးကနန်းတက်ရမှာတဲ့.. ။
ပါးပါးနန်းတက်ရင်တော့ သူက အိမ်ရှေ့စံဖြစ်လာမယ်လို့ ဘုရင်ကြီးဖြစ်တဲ့ ဖိုးဖိုးက ပြောလေ့ရှိတယ် ။

ဖိုးဖိုးကပါးပါးကို ထီးနန်းမပေးချင်ပေမဲ့ သူ့ကိုတော့ ဘုရင်တစ်ပါး ဖြစ်စေချင်တယ်တဲ့လေ ။

ဖိုးဖိုးမှာ မိဖုရားနဲ့ကိုယ်လုပ်တော်တွေ အများကြီးရှိတယ် ။သားသမီးနဲ့မြေးတွေလည်းရှိတယ် ။ သူက ဖိုးဖိုးရဲ့အချစ်ဆုံးမြေးလို့ မားမားကတော့ ပြောဖူးတယ် ။

.
.

ဘုရင်တစ်ပါးဖြစ်လာမဲ့သူက ဘယ်အရာရဲ့လွှမ်းမိုးခြင်းကိုမှ မခံရဘူးလို့ ဖိုးဖိုးကသင်တယ် ။ အိမ်ရှေ့စံပါးပါးနဲ့ ကြင်ယာတော်မားမားက ဥပမာဖြစ်တယ် ။ မားမားကိုအရမ်းချစ်တဲ့ ပါးပါးက ကိစ္စတိုင်းမှာ မားမားကိုဝင်ပါစေတာမျိုးကို ဖိုးဖိုးကမကြိုက်ဘူး ။

တစ်ချိန်မှာဘုရင်ဖြစ်လာမဲ့ ရှောင်းကျန့်ကို ဖိုးဖိုးက အနားမှာခေါ်ပြီး စိတ်တိုင်းကျပုံသွင်းတယ် ။ သူကလည်း အနေနီးတဲ့ဖိုးဖိုးကို ကလေးသဘာဝအရ ပိုမိုခင်တွယ်နေလိမ့်မယ် ။

"ချစ်လို့ရတယ်။ ဒါပေမဲ့ ထုတ်မပြရဘူး။ မချစ်တတ်ရင်တော့ အကောင်းဆုံးပေါ့ ငါ့မြေးတော်ရယ်.. "

ဖိုးဖိုးစကားကို ရှောင်းကျန့်က ခေါင်းညိမ့်ပြီးနာခံခဲ့တယ် ။ အချစ်ဆိုတာ ဘာလဲ သူမသိသေးဘူး ။

"ဖိုးဖိုးကိုကတိပေးနိုင်မလား မြေးကျန့် "

"ဘာများလဲ ဖိုးဖိုး "

"ဖိုးဖိုးမကြိုက်တဲ့အရာတွေ မြေးမလုပ်ရဘူး ။ မြေးလက်ထပ်လိုက်တဲ့သူကို မချစ်ပြရဘူး "

"ကျွန်တော် ပေးနိုင်ပါတယ် "

ထက်မြက်တဲ့သူက မလုပ်နိုင်တဲ့အရာ မရှိလောက်ဘူးလို့ လက်လွတ်စပယ် တွေးထင်ခဲ့တယ် ။

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now