DCP-9

7.5K 772 48
                                    

(Unicode)

ဆာကူရာနဲ့ ဝမ်ရိပေါ်..
ကံကောင်းလွန်းတဲ့ သူတို့က ချာလီ့အတွက်တော့ မုန်းစရာလူသားတွေထက်မပိုဘူး။
__________________

"ကျွန်တော် သူ့ကိုတွေ့ဖူးချင်လိုက်တာ "

တိုးတိုးလေးဖွင့်ဟရှာတဲ့ ကြင်ယာတော်ရဲ့စကားသံလေးက အိမ်ရှေ့စံကို စိုးထိတ်စေခြင်းမှာ အကြောင်းပြချက်မပေးလိုပါ။

မပီပြင်တဲ့အပြုံးနုလေးကို ပုံဖော်ထားတဲ့ ကြင်ယာတော်ရဲ့ နှုတ်ခမ်းသားတွေက အနည်းငယ်တုန်ယင်နေတယ်။

သူကိုယ်တိုင် လျစ်လျှူရှုရန်သတ်မှတ်ဖူးတဲ့ သေးသေးငယ်ငယ် စိုလဲ့လဲ့မျက်ဝန်းတွေကို ဥပေက္ခာမပြုနိုင်သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်။

ကြင်ယာတော်က ရုန်းရခက်တဲ့ ဆွဲအားရပ်ဝန်းကလေးလို့သာ ဖော်ပြချင်ပါတယ်။

ချာလီ့ရှေ့မှာ အကြည်စိုက်နေတဲ့ အိမ်ရှေ့စံနဲ့ကြင်ယာတော်တို့ကို ချာလီဝေါ့ဒ်က လက်ပိုက်ကြည့်ရင်း အကဲခတ်တယ်။ ချာလီကိုယ်တိုင် ​စောင့်ကြည့်ဖူးတဲ့ မှန်သားပြင်က မင်္ဂလာပွဲမှာလည်း အိမ်ရှေ့စံတို့အတွဲက ဒီလိုတွေအကြည်စိုက်ဖူးတယ်။ ဘေးလူတွေအတွက် အထင်လွဲစရာမျိုးတွေလေ။ ဒီအကြည့်တွေကြောင့် သူတောင်ပြိုလဲလိုက်သေးတယ်။

ငြိမ်သက်နေဆဲ အခြေအနေကို ဝမ်ရိပေါ်ရဲ့ဘောင်းဘီအိပ်ကပ်ထဲက တုန်ခါသွားတဲ့ဖုန်းလေးက ဖြိုခွဲတယ်။ ဝမ်ရိပေါ်က ဖုန်းကိုတစ်ချက်ထုတ်ကြည့်ပြီး ပြန်ထည့်လိုက်ရင်း..

"ကျွန်တော် သွားစရာလေးရှိလို့ ခွင့်ပြုကြပါအုံး "

"ဘယ်သွားမလို့လဲ ရိပေါ် "

"ကျွန်တော် အိမ်ခဏပြန်မလို့.. "

"အိမ်ပြန်မယ်.. အခုလား.. "

"ဟုတ်တယ်.. အခုပဲ "

"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ..? "

"ကျွန်တော် မယ်မယ့်ဆီမှာ ခွင့်တောင်းပြီးပြီ "

ထဖို့ပြင်နေတဲ့အချိန်မှာ အိမ်ရှေ့စံက ရိပေါ်ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now