DCP-8

7.1K 764 28
                                    

(Unicode)

ခွာသင့်ပါပြီ..
ခွာလိုက်ပါတော့..
အဲ့ဒီ့ရင်ခွင်ထဲကို သူတောင်တစ်ညပဲ ဝင်ဖူးတာပါ။
_________________

အလင်းရောင်တစ်ချို့က မျက်နှာထက်ကို ဖြာကျတဲ့အခါ လိုက်ကာချဖို့မေ့တဲ့ သူ့ကိုယ်သူအပြစ်တင်မိတယ်။ အလင်းလာရာကို ကျောပေးလိုက်ရင်း ဘေးတစ်နေရာဆီကို လက်ကရောက်တယ်။

လစ်လပ်နေတဲ့ တစ်ဖက်နေရာကို ထိတွေ့မိတဲ့အခါ သဘောမခွေ့တဲ့ မျက်လုံးတွေက ဖွင့်ကြည့်လိုက်သေးတယ်။ မရှိဘူး..။

ဒီနေ့လည်း မနေ့တွေကလိုပါပဲ။ အိမ်ရှေ့စံကိုစောင့်ရင်း အိပ်ပျော်သွားပေမဲ့ နိုးလာတဲ့အခါ သူတစ်ယောက်တည်းပဲ။ ဒါကသူ့အတွက် ပုံမှန်လိုတောင် ဖြစ်နေပြီ။

ဝမ်ရိပေါ်အတွက် စံနန်းတော်ထဲတွင် ဖြတ်သန်းသောနေ့ရက်များဟာ တူညီလွန်းလို့ ခေါက်ရိုးကျိုးနေပါပြီ။ မနက်တွေမှာ တစ်ကိုယ်တည်း နိုးထရတဲ့ခံစားမှုနဲ့ ညတွေရဲ့အထီးကျန်ဆန်မှုကို အိမ်ထောင်သည်ရိပေါ်က ကောင်းကောင်းနားလည်တယ်။

နေ့တစ်ချို့မှာ ရှောင်းပိုင်နဲ့ရှောင်းမေတို့က အဖော်ပြုသူများဖြစ်ပြီး အိမ်ရှေ့စံမင်းသား ရှောင်းကျန့်ကတော့ စားတော်တည်သည့် အချိန်မှလွဲရင် သူ့ရဲ့ဘေးမှာမရှိမြဲ။

အိမ်ရှေ့စံ၏အချိန်များသည် အလုပ်ခန်း၊ ပန်းချီခန်း၊ စာဖတ်ခန်းနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင်သာ ကုန်ဆုံးလေ့ရှိသည်။

ဘုရင်ကြီးနှင့်မိဖုရားတို့က သူလုပ်ချင်သည့်အရာတိုင်းကို လုပ်ခွင့်ပေးသည့်အခါ စကိတ်ဘုတ်နှင့် ဆိုင်ကယ်များက ပင်တိုင်အဖော်ပြုသူများဖြစ်လာ၏။ စံနန်းတော်ထဲရှိနေရာတိုင်းကို သွားလာခွင့်ရှိပေမဲ့ ပန်းချီခန်းထဲဝင်ထွက်ခွင့်ကိုတော့ အိမ်ရှေ့စံက ခွင့်မပြုပေ။

ဝန်ကြီးချုပ်ဝမ်က စံနန်းတော်ကိုမကြာခဏ လာတတ်ပေမဲ့ ဝမ်ရိကျိုးကတော့ သူနဲ့မတွေ့ဖြစ်သည်မှာ စံနန်းတော်ကိုရောက်ကတည်းကဖြစ်သည်။ သူကသတိရလို့ ဖုန်းဆက်ဖြစ်ရင်တောင် "အဆင်ပြေရဲ့လား "ဆိုသည့်စကားနှင့် သက်ပြင်းရှည်ချသံတစ်ခုနောက်မှာ တိတ်ဆိတ်သွားခဲ့တဲ့ ဖုန်းခေါ်ဆိုမှုတွေချည်း။

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now