Extra

9.1K 563 42
                                    

(Unicode)

အိမ်ရှေ့စံမင်းသားရှောင်းကျန့်နှင့် ကြင်ယာတော်ဝမ်ရိပေါ်တို့ လက်ထပ်ပြီး (၃)နှစ်အကြာမှာ ဘုရင်ကြီးရှောင်းချန့်က ထီးနန်းစွန့်သွားခဲ့တယ် ။ အေးချမ်းသည့်တောင်ပေါ်ဒေသလေးမှာ တရားရိပ်ခိုရင်း လက်ကျန်သက်တမ်းကို ဖြတ်သန်းလိုသည်မှာ နန်းစွန့်ဘုရင်ကြီးနဲ့ မိဖုရားတို့ရဲ့ဆန္ဒဖြစ်တယ် ။

ဘုရင်ကြီးရှောင်းချန့် နန်းစွန့်ပြီးသည့်နောက်တွင်တော့ အိမ်ရှေ့စံမင်းသားရှောင်းကျန့်က နန်းတက်ပြီး မင်းသားငယ်ရှောင်းပိုင်က အိမ်ရှေ့စံမင်းသားဖြစ်လာတယ် ။

ပြည်သူများအပေါ် သနားကြင်နာတတ်သည့် ဘုရင်ကြီးက အမျိုးသားကြင်ယာတော်ကို ချစ်တတ်ပုံများမှာတော့ တရုတ်ပြည်တစ်ခွင် မသိသူမရှိရလောက်အောင် ကျော်ကြားလေတယ် ။

"အရှင်.. "

"ပြောလေ အချစ်ရဲ့.. "

"အချိုပွဲကိုဘာလေးသုံးဆောင်ချင်လဲ .. ။ စတော်ဘယ်ရီလား.. ဘလူးဘယ်ရီလား.. "

"ဟင်အင်း.. ကိုယ်ကတော့ မင်းနှုတ်ခမ်းလေးပဲ "

အထိန်းတော်ကြီးနဲ့ နန်းတွင်းအခြွေအရံများကတော့ ဘုရင့်စားတော်ဝိုင်းမှ အလိုက်တသိရှောင်ထွက်ကြရတယ် ။

.
.

"အရှင်မင်းကြီး.. အောက်စဖို့မှာပညာသင်နေတဲ့ မင်းသမီးရှောင်းမေကို ဗြိတိန်မင်းသားကြီး​ဒေးဗစ်က သဘောကျနှစ်သက်မိလို့ လက်ဆက်ခွင့်သဝဏ်လွှာပို့လာပါတယ် ။ အရှင်မင်းကြီးနဲ့ ဆွေတော်မျိုးတော်တို့က ခွင့်ပြုဖို့မျှော်လင့်ကြောင်း ဟောဒီကသံတမန်ကြီးက လျှောက်တင်ပါတယ် "

"ဗြိတိန်မင်းသားကြီးကို ကိုယ်တော်ကတော့ ငြင်းစရာမရှိပါဘူး ။ ဒါပေမဲ့.. အချစ်ရော ဘယ်လိုသဘောရလဲ.. "

ဘုရင်ကြီးက ဘေးမှာထိုင်နေတဲ့ ဝမ်ရိပေါ်ရဲ့လက်လေးကိုဆုပ်ကိုင်ပြီးတော့မေးတဲ့အခါ ဝမ်ရိပေါ်က ဘုရင်ကြီးဘေးကို ပိုကပ်လိုက်ပြီး ဘုရင်ကြီးမျက်နှာကိုကြည့်တယ် ။

"ကျွန်တော်ကတော့ ရှောင်းမေရဲ့ဆန္ဒကိုဦးစားပေးချင်ပါတယ် ။ ရှောင်းမေရဲ့သဘောထားကို မေးကြည့်ပါအုံးလား အရှင်.. "

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now