DCP - 19

7.9K 729 67
                                    

(Unicode)

မင်းနားလည်ရခက်တဲ့ ဆာကူရာက
တကယ်တော့ မခက်ပါဘူး.. ။
လွယ်လွယ်လေးဘဲ..

___________________

မွေ့ယာကျယ်ကြီးပေါ်ရှိ စောင်ပုံကြီးထဲမှာ ငုတ်တုတ်ထိုင်နေတဲ့ ရိပေါ်က ရှောင်းကျန့်ကိုဂြိုလ်ကြည့်ကြည့်နေတယ် ။ တစ်ကိုယ်လုံးကို စောင်ဖြင့်လုံးထွေးကာခေါင်းမြီးခြုံထားပြီး မျက်နှာလေးသာဖော်ထားတဲ့ ရိပေါ်က ဒီရက်ပိုင်းတွေမှာ အဆိုးအစွာကလေးဖြစ်လာတယ် ။

"နှုတ်ခမ်းကြီးက ကိုယ်နမ်းဖို့ဆူထားတာလား "

အိမ်ရှေ့စံကပြောတဲ့အခါ ရိပေါ်က လည်ပင်းကစောင်ကို နှုတ်ခမ်းထိဖုံးလိုက်ပြီး မျက်စောင်းလေးဝင့်တယ် ။

"ပြောတော့ မနာကျင်အောင်ချစ်ပြမယ်ဆိုပြီး နာအောင်ပဲလုပ်နေတာ.. "

"နာတာခဏပဲလေအချစ်ရယ်..
ပြီးတော့ အချစ်မကြိုက်တာလဲမဟုတ်ပဲနဲ့ .."

"အား.. မသိဘူး မပြောနဲ့ နာတာပဲသိတယ် "

"အချစ်ကကွာ ကောက်စရာမဟုတ်တာကို ကောက်နေပြန်ပြီ .."

"မလာနဲ့လို့ပြောထားတယ်နော် "

သူ့အနားလာဖို့ကြိုးစားနေတဲ့ အိမ်ရှေ့စံက ခြေလှမ်းတွေရပ်တန့်သွားတယ် ။

ရိပေါ်အိမ်ရှေ့စံကို မကြည်ပါဘူး ။ တစ်ခါလေးပဲအပြင်ကမြင်းကို စီးလိုက်ပါတယ် ။ အိပ်ရာပေါ်ကမြင်းကိုတော့ ညတိုင်းနီးပါးစီးနေရလို့ကို စိတ်ဆိုးတယ် ။

"ကိုယ်မလာရင် အချစ်ကို ရေချိုးခန်းထဲဘယ်သူက လိုက်ပို့မှာလဲ "

"ကျွန်တော့်ဘာသာသွားမှာ.. "

မွေ့ယာအိအိကြီးပေါ်ကနေ စောင်ကြီးခြုံကာ ကုန်းရုံးထပြီး ရေချိုးခန်းဆီကို ထော့နင်းထော့နင်းဖြင့်ဝင်တော့ အိမ်ရှေ့စံက ရယ်တယ် ။

"ဘာလေးမှန်းမသိဘူး "

ဘာကိုဘာလေးမှန်းမသိရတာလဲ ။ ဝမ်ရိပေါ်က ဝမ်ရိပေါ်ပေါ့ ဘာလေးဖြစ်ရအုံးမှာလဲ ။

တံခါးကို ဗုန်းခနဲ အသံကျယ်ကြီးမြည်အောင် မပိတ်ခင်မှာ အိမ်ရှေ့စံအတွက် အကြည့်စိမ်းစိမ်းကြီးတွေပါ ပေးခဲ့လိုက်တယ် ။ ဝမ်ရိပေါ် ဒီနေ့ စိတ်ကြည်မနေဘူး ။

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now