DCP-2

8.4K 826 38
                                    

(Unicode)

အိမ်ရှေ့စံတန်ဖိုးထားမယ့်
ကြင်ယာတော်နေရာကို မရွေးချယ်ခြင်းဖြင့်
သူမက အိမ်ရှေ့စံရဲ့အသည်းကို ကွဲစေပါတယ်။

________________

မပြည့်ဖြိုးသော လရောင်ဖျော့ဖျော့အောက်က လသာဆောင်လေးမှာ ဝမ်ရိပေါ်တစ်ယောက် ငေးငိုင်နေတယ်။ ပန်းပင်တွေစိုက်ထားတဲ့ ​ခြံဝန်းရဲ့အလယ် အစိမ်းရောင်တိုင်လုံးလေးတွေနဲ့ အနီရောင်အမိုးလေးကို သုံးထားတဲ့လသာဆောင်က အဝေးကကြည့်ရင် ပန်းပင်အကြီးစားလေးနဲ့ပင်ဆင်တူသေးသည်။

ဘေးပတ်လည်မှာ ကာရံထားခြင်းမရှိသည့်အတွက် လသာဆောင်ထဲက ဖြူလွလွပုံရိပ်လေးဟာ ထင်ထင်ရှားရှား။

တဖြူးဖြူးတိုက်နေတဲ့ ညလေအေးတွေက ပူစပ်စပ်ဖြစ်စေတဲ့ ဝမ်ရိပေါ်ရဲ့ သောကတွေကိုမအေးစေသလို ခပ်သင်းသင်းမွှေးနေတဲ့ ညမွှေးပန်းတွေကလည်း သူရှာနေတဲ့ အဖြေမဟုတ်ပါ။

ဘယ်လိုများလုပ်မှ ဘယ်လိုများနေထိုင်ပါမှ အိမ်ရှေ့စံရဲ့မျက်လုံးထဲမှာ သူကအပြစ်မဲ့မှာပါလဲ။ အိမ်ရှေ့စံပြောသမျှ စကားအခွန်းတိုင်းမှာ တန်ဖိုးထားတတ်တဲ့သူက အလိုက်သိနာခံမှုဖြင့် သက်သေပြခဲ့ပါရက်နဲ့ အိမ်ရှေ့စံရယ်..

ဘာကြောင့်များ အလိုမကျဖြစ်ရပါသလဲ..

"တိတိလေး မအိပ်သေးဘူးလား "

"ကောကော.. "

"အင်..ကောကောရှိတယ်။ ဘာဖြစ်လို့လဲ "

ဝမ်ရိကျိုးက သူ့ဘေးမှာ ဝင်ထိုင်ရင်း လေတိုက်လို့ ပွယောင်းယောင်းဖြစ်နေတဲ့ ဆံစတွေကို သပ်ချပေးတယ်။

"ကျွန်တော်က သိပ်အေးစက်နေပြီလား "

"တိတိကလား.. "

"အင် "

"တိတိကအနေအေးတာ မှန်ပေမဲ့ အရမ်းကြီးအေးစက်တာမျိုးလည်း မဟုတ်ပါဘူး။ တိတိမှာ နွေးထွေးပြီးနူးညံ့တဲ့ စိတ်ထားလေးလည်း ရှိတယ်။ ကောကောကတော့ သဘောကျတယ် "

"ကောကောသဘောကျပေမဲ့ ဟိုအိမ်ရှေ့စံဆိုတဲ့လူက သဘောမကျဘူး "

"တိတိက အိမ်ရှေ့စံကို မမေ့သေးဘူးလား "

"...... "

𝐃𝐄𝐀𝐑 𝐂𝐫𝐨𝐰𝐧 𝐏𝐫𝐢𝐧𝐜𝐞 [Completed ]Where stories live. Discover now