Numéro un

9.3K 614 58
                                    

Recommended Song - Take me now by Luna ( Forest OST )

Unicode

ဥမင်လှိုဏ်ခေါင်းထဲမှ ထွက်လာပြီးသည့်နောက် တွေ့လိုက်ရသည်က အလင်းရောင်ခပ်ယဲ့ယဲ့။ နေသိပ်မပူတဲ့အချိန်နဲ့ကိုက်သွားသည်ထင်၏။ ဆူညံခြင်းမရှိသည့်ရထားပေါ်ကနေ Switzerlandနိုင်ငံ၏ မြင်နေရသော အလှအပတစ်ချို့ကို ခံစားနေမိသည်။ တောင်တန်းတွေသိပ်များသည်။ နွေဦးမို့ မကုန်သေးသည့်နှင်းတစ်ချို့ကို တွေ့နေရသည်။ ဖြည်းညင်းစွာ တိုးဝင်လာသည့်လေနုနုတွေအောက် တဖြည်းဖြည်းမှေးစင်းလာပြီဖြစ်တဲ့မျက်လုံးတွေ။

" ဘာလို့ပြတင်းပေါက်ကိုဖွင့်ထားတာလဲ။ လေတွေဝင်ကုန်ပြီ အေးမှာပေါ့။ "

ဖွင့်ထားတဲ့ပြတင်းပေါက်တွေကို ချက်ချင်းဆိုသလိုပိတ်ချလိုက်ပြီး ဟိုကြည့်သည်ကြည့်လုပ်နေတဲ့သူ့အမေကို သူဘာမှမပြောဘဲ ပြတင်းပေါက်ကိုပြန်ဖွင့်လိုက်သည်။

" ဘာလို့ပြန်ဖွင့်လိုက်တာလဲ ? "

အမေက ပြင်သစ်လိုပြောတော့ သူက ရိုမန်လိုပြန်ပြောလိုက်သည်။

" လေကမအေးဘူး။ သဘောကျတယ်။ "

အမေက ဘာမှမပြောတော့ဘဲ လက်လျှော့ပေးလိုက်ပုံရသည်။ ကိုရီးယား-ပြင်သစ်ရိုမန်ကပြားမို့ ဘာသာစကားသုံးမျိုးကို မတတ်တခေါက်တော့ တတ်သည်။ ငါးနှစ်လောက်ထိ Switzerlandမှာနေဖူးသည်။ အဲ့တာကြောင့်လည်း သူ့ပုံပန်းသဏ္ဍာန်က ကိုရီးယားလူမျိုးနှင့်သိပ်မတူဘဲ ပြင်သစ်မျက်နှာပေါက်ဖြစ်နေတာဖြစ်သည်။

အဖေဖြစ်သူက ပြင်သစ်လူမျိုးဖြစ်ပြီး အမေဖြစ်သူက ကိုရီးယားရိုမန်ကပြားဖြစ်တာကြောင့် သူ့မှာမိဘနှစ်ယောက်စလုံး၏သွေးပါလာတာ မဆန်း။ ရိုမန်ဘာသာစကားကိုတော့ အမေက သိပ်မပြောပေမယ့် သူကစိတ်ဝင်စားသည်။ ပြင်သစ်ထက် ရိုမန်လိုပြောရတာကို သဘောကျသည်။ ဒေါသဖြစ်သည့်အခါမျိုးဆို ရိုမန်လိုအော်ငေါက်တတ်လေ၏။

သူ့အမေကတော့ ကပြားဆိုသော်လည်း ခင်ပွန်း၏ဘာသာစကားကိုသာ ပြောဆိုလေ့ရှိသည်။ တစ်ခါတစ်လေ ထိုအခြင်းအရာကို သူဘာကြောင့်သဘောမကျမှန်းမသိ။

" အဖေ့ကိုတွေ့ရင်ကောင်းကောင်းမွန်မွန်ဆက်ဆံနော် "

ဘာမှမပြောဘဲ မကြားချင်ယောင်ဆောင်နေသည့်သူ့ကို သူ့အမေက သက်ပြင်းချပြီးကြည့်လာသည်။ စကားနားမထောင်တဲ့ကလေးမှာလည်း သူ့အကြောင်းအရင်းနဲ့သူရှိနေတာမလို့ သူမသည်ဆူငေါက်ဖို့မတွေးမိ။ သို့သော်လည်း အသက်တစ်ဆယ့်ငါးနှစ်ဆိုတာ သူမအတွက် ကလေးဖြစ်နေသေးပေမယ့် တကယ်တမ်းတော့ အရွယ်ရောက်တော့မည့်ကလေးတစ်ယောက်ဖြစ်နေပြီမဟုတ်လား။ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့အတွက် ပိုပြီးစည်းစနစ်ကျသည့် ထိန်းချုပ်မှုအောက်မှာ နေစေချင်မိသည်။

IN THE HEART AND HALF Where stories live. Discover now