Numéro onze

1.5K 329 59
                                    

Unicode

" အဝတ်အစားကို လိုလိုပိုပို လေးစုံထည့်ပေးထားတယ်။ ပြီးတော့ အပြင်သွားတိုင်း သားယူနေကျ ပစ္စည်းလေးတွေရောပဲ။ "

ပြင်ဆင်ပြီးသည့် လွယ်အိတ်လေးကို ကိုယ်တိုင် လွယ်ပေးရင်း Mayaက ပြောသည်။ Jemondကတော့ အကုန်ပြီးစီးလို့ Jiminကို ထိုင်စောင့်နေ၏။

" အဲ့တာဆို ကိုယ်တို့သွားတော့မယ် Maya။ မလိုက်ချင်တာ သေချာရဲ့လား ? လက်မှတ်က ထပ်ဝယ်လို့ရသေးတယ်နော်။ "

Mayaက ခေါင်းခါပြကာ ...

" မလိုက်တော့ပါဘူးဆို။ သားအဖနှစ်ယောက် အေးအေးဆေးဆေး အပန်းဖြေခဲ့ကြ။ Mayaက Ancilတို့အိမ်မှာ သွားနေမယ်လေ။ တစ်ယောက်တည်း မဟုတ်ပါဘူးရှင့်။ "

ခေါင်းမာသည့် Mayaကို Jemond အတင်းမတိုက်တွန်းတော့။ Jiminတို့ကျောင်းက ငါးရက်ပိတ်တာကြောင့် Jiminကို အပြင်လိုက်ပို့ပေးချင်သည့် Jemondက သည်Tripကို စီစဉ်လိုက်ခြင်းပင်။ Trip ဆိုပေမယ့်လည်း Switzerland အတွင်း ခရီးစဉ်ပါပဲ။ ခေါင်းခြောက်အောင် စဉ်းစားရွေးချယ်ပြီးနောက် သူတို့ Lucerneသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။

သားဖြစ်သူလည်း သဘောကျနှစ်သက်လိမ့်မည်ဟု တွေးကာဖြင့်ပင်။

" ကျွန်တော်တို့သွားပြီနော် maman။ ဂရုစိုက်ပြီး နေခဲ့ပါ။ "

Jiminကို ပြန်ဖက်လိုက်ပြီး ပြုံးပြလိုက်သည့် Maya.

" Mamanကို စိတ်မပူဘဲ ပျော်ခဲ့၊ ဟုတ်ပြီလား ? "

" ဟုတ်ကဲ့ "

Jemondလည်း သူမကို ဖက်၍နှုတ်ဆက်ကာ သူတို့နှစ်ယောက်စလုံး အိမ်မှထွက်လညကြတော့သည်။

Wengenကနေ Lucerneကို ကြာချိန်က ၃နာရီနှင့်၃၀ စက္ကန့်မျှ ကြာသည်။ သူ့အဖေက ရထားဖြင့်သာ သွားရန်ပြောသည်။ သူတို့မိသားစုက ရထားစီးရခြင်းကို နှစ်သက်ကြသည်ထင်ပါ့။

တခုတ်ခုတ် မောင်းနှင်နေသည့် ရထားကို စီးရတာဟာ သဘောကျမိတဲ့အရာတွေထဲက တစ်ခုပင်။ မရိုးသွားဘဲ ပြတင်းပေါက်ကို ဖွင့်ကာ လေအေးတွေရော၊ လေပူတွေရောကို ခံစားရသည့် အရသာကလည်း တမျိုးတဖုံ မိမိုက်နေပြန်ရော။

IN THE HEART AND HALF Where stories live. Discover now