Numéro treize

1.3K 336 58
                                    

Unicode

" မင်းကိုငါ လွှတ်လို့ပြောနေတယ်နော် ! "

" အဲ့တာဆို ငါ့ကိုအဖြေပြန်ပေးလေ "

Jiminစိတ်ထဲကနေ အကျယ်ကြီး ကျိန်ဆဲလိုက်သည်။ ငြင်းနေတာ အခေါက်ခေါက်အခါခါ။ အဲ့တာကို အမှတ်မရှိဘဲ အဖြေလိုက်တောင်းသေးတာ သူ အံ့သြလို့မဆုံး။ အိပဲ့အိပဲ့ပြောပြီး ငြင်းထားတာလည်း မဟုတ်။ ကျောင်းအခန်းရှေ့မှာတင် ပီပီသသပြောပြီး ပီပီသသ ငြင်းထားတာ။ အခုချိန်ထိ သူ့ကိုနှောင့်ယှက်နေတာတော့ အဆင်မပြေ။ သူ့ဘက်က သဘောကျလို့ဆိုပေမယ့် ကာယကံရှင်က သဘောမကျလျှင် ဒါက နှောင့်ယှက်သည့် အပြုအမူဖြစ်ရုံသက်သက်ပဲ။ ရင်ခုန်စရာ တစက်မှမရှိ !

ဖြစ်ချင်တော့ Jungkookက သင်္ချာစွမ်းရည်ပြိုင်ပွဲ ဝင်ပြိုင်ထားတာကြောင့် ဆရာမနှင့် အလုပ်ရှုပ်နေသည်။ ပြန်မှပဲ တူတူပြန်ရမှာဖြစ်သည်။ သူ ရှိနေလည်း ဘာမှထူးမှာမှ,မဟုတ်တာ။ သူက ဘေးကနေ ကြောင်တောင်တောင် မျက်နှာဘေးလုပ်ပြီး ကြည့်နေရုံပဲ တတ်တာလေ။

" နောက်ဆုံးပြောမယ်။ ငါ့ကိုလွှတ်ပေး "

" မလွှတ်ပေးနိုင်ဘူး။ ချစ်တယ်ပြောမှ လွှတ်ပေးမယ်။ "

Jimin၏ သည်းခံနိုင်မှုအတိုင်းအတာသည် ကျော်လွန်သွားပြီ ဖြစ်သည်။ ကိုင်ထားခံရသည့် လက်က ဘယ်ဘက်မလို့ အားနေသည့် ညာဘက်လက်ဖြင့် သူ့ကိုထိုးလိုက်သည်။ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည့် ကျောင်းသားတွေကလည်း ဟာခနဲပဲ။ Jiminကတော့ ဂရုမစိုက်နိုင်ပါ။ သူ စကားဖြင့် အခါခါ သတိပေးခဲ့တာပဲ။

" မင်း ! "

မထင်မှတ်ထားသလို ဖြစ်သွားသည်မို့ ထိုကောင်လေးက အံ့သြသလိုကြည့်သည်။ မကျေနပ်စွာဖြင့် ဒေါသထွက်နေသည့် အကြည့်တွေနှင့်အတူ။ Jiminကတော့ သူ့ဘယ်ဘက်လက် လွတ်သွားသည်မို့ အခန်းထဲ ခပ်တည်တည် ပြန်ဝင်လာလိုက်သည်။ ထိုကောင်လေးကတော့ လွယ်အိတ်တောင် မယူနိုင်ဘဲ တခြားတစ်နေရာသို့ ထွက်သွားသည်။ ကျောင်းသားတွေကတော့ ကြည့်လို့ကောင်းနေကြသည်ထင်ပါ့။

" ပျင်းလိုက်တာနော် ~ "

Jungkookနှင့်တူတူ အိမ်မပြန်ဖြစ်ပါ။ သင်္ချာစွမ်းရည်က နောက်တစ်ပတ်ထဲ အချိန်ပြောင်းလိုက်သည်မို့ သူ့မှာ အလုပ်ရှုပ်နေသည်။ ဆရာမကလည်း သူ့တပည့်ကို အကောင်းဆုံးဖြစ်စေချင်တာကြောင့် တစ်နာရီအချိန်ပိုယူကာ တွက်နည်းတွေကို စိတ်ရှည်ရှည်ဖြင့် ရှင်းပြနေ၏။ တစ်နာရီက အကြာကြီးမို့ ထိုင်တော့ မစောင့်ချင်တာကြောင့် တစ်ယောက်တည်း ပြန်လာခဲ့လိုက်သည်။ စက်ဘီးကိုတော့ ထားခဲ့ပေးသည်။ Jungkook ပြန်လာမည့်အချိန်ဆို နည်းနည်းနောက်ကျလောက်မှာမို့ပင်။

IN THE HEART AND HALF Where stories live. Discover now