Numéro quatorze

1.4K 350 58
                                    

Unicode

" နောက်ကျလိုက်တာ "

Jungkookသည် အခုမှရောက်လာသော သူငယ်ချင်းနှစ်ယောက်ကြောင့် မျက်နှာကလေး ရှုံ့မဲ့ကာ လေသံဆောင့်အောင့်အောင့်လေးဖြင့် ပြောလိုက်သည်။ ချစ်စရာကောင်းသည့် သူတို့သူငယ်ချင်းကို ကြည့်ပြီး နှစ်ယောက်စလုံး ရယ်မိကြသည်။ မကျေမချမ်းဖြစ်နေသည့် ကောင်လေးက ပြန်မေးသည်။

" ဘာရယ်တာလဲ ? "

သူတို့က ဘာမှမပြောဘဲ တခစ်ခစ် ရယ်နေကြတုန်း။ သူတို့သူငယ်ချင်းသုံးယောက်က မူလတန်းကတည်းက တွေ့ခဲ့ကြခြင်း ဖြစ်သည်။ အသက်တစ်ဆယ့်လေးနှစ်အရွယ်အထိ သူတို့သုံးယောက်က အကောင်းဆုံးသူငယ်ချင်းတွေအဖြစ် တည်ရှိနေကြတုန်းပင်။

" Claude , မင်းလက်က ဘာဖြစ်တာလဲ ? "

နာမည်နှင့်လိုက်အောင် Claudeသည် အားအနည်းဆုံးပင်။ သူတို့သုံးယောက်ထဲတွင် အသက်အငယ်ဆုံးလည်း ဖြစ်သည်။ သူတို့နှစ်ယောက်က Claudeထက် ငါးလပိုကြီးသည်။ Claudeသည် သိပ်သိုဝှက်သည်။ သူ့လက်မှာလည်း အမြဲဒဏ်ရာတွေဖြင့်။ မေးလျှင်လည်း ထိမိ၊ခိုက်မိတာလို့သာ ဖြေသည်။ ခဏခဏ ထိမိ၊ခိုက်မိတာကတော့ မဟုတ်သေးဘူးဟု သူထင်သည်။

" ဘာမှမဟုတ်ဘူး။ ဒီတိုင်း ခြစ်မိတာ။ "

Jungkook ကြည့်နေသည့် သူ့လက်ကို အနောက်သို့ ဖွက်လိုက်ပြီး ပြောသည်။ လိမ်ညာနေတာ သိသာသော်လည်း Jungkookတို့ မမေးဖြစ်တော့။

" စာတွေပိုင်နေပြီပေါ့နော် Faustin ? "

Claudeက စကားလွှဲလိုက်တော့ Jungkook၏အာရုံက မျက်စိမှိတ်ကာ ထိုင်နေသည့် Faustinဆီသို့ ရောက်သွားသည်။ သူ၏မိဘတွေက ကံကောင်းစေရန်အလို့ဌာ သူ့ကို Faustinဟု ကင်ပွန်းတပ်ပေးခဲ့ကြသော်လည်း တကယ်တမ်းကျတော့ တလွဲတွေသာ။ Faustinသည် ကံအမြဲဆိုးတတ်သည်။ ဘယ်လောက်ဆိုးလဲဆို စာမေးပွဲအတွက် စာတွေအကုန်နီးပါး ကျက်သည်။ သူ မကျက်လိုက်သည့် ငါးပုဒ်လောက်က တစ်ပြိုင်နက်တည်း မေးခွန်းထဲ ပါလာတာမျိုး။ သုံးယောက်တူတူ ကျောင်းပြေးကြတာတောင်မှ သူတစ်ယောက်တည်း ရှိနေသည့်အချိန် ဆရာမက တွေ့သွားတာမျိုးတို့။ ထိုသို့ ကံကောင်းလွန်းလို့ သူ့မိဘတွေကို ခဏခဏပြောလေ့ရှိသည်။ နာမည်ပေးတာ ကောင်းလိုက်တာ ဟူ၍ပင်။

IN THE HEART AND HALF Where stories live. Discover now