Numéro vingt-deux

1.3K 334 123
                                    

Unicode

" သဘောကျရဲ့လား Ancil "

" အားနာစရာကြီးအစ်မရယ်။ မဝယ်ပေးပါနဲ့ဆို။ အခုလည်း ဝယ်လာပေးတာ အများကြီးပဲ။ "

အဝတ်အစားတွေ၊ တခြားအသုံးအဆောင်ပစ္စည်းတွေကိုကြည့်ပြီး Jungkook၏မိခင်သည် တကယ်ကို အားနာနေမိသည်။

နောက်ဆုံးစာမေးပွဲဖြေပြီးလို့ အောင်စာရင်းတွေလည်း ထွက်ပြီးပြီဖြစ်သလို၊ နောက်လဆို Jungkookလည်း Australiaသို့သွားရမည်ဖြစ်သည်။ ရက်ပိုင်းသာလိုတော့သည်။ Jimin၏အမှတ်လည်း ကောင်းသည့်အထဲပါသည်။ Jungkookကတော့ ပြောစရာတောင်မလို။ အတန်း၏အတော်ဆုံးထဲကတစ်ယောက် မဟုတ်ပါလား။

Jungkookကတော့ Mayaကို အတတ်နိုင်ဆုံး ပြုံးပြလိုက်သည်။ လိုအပ်တာတွေ ဝယ်လာပေးလို့ ကျေးဇူးတင်ပါသည်။ ငြင်းလျှင်လည်း အတင်းပေးနေမည်ဆိုတာကိုသိတာကြောင့် ငြင်းမနေတော့။ ပြုံးပြနေပေမယ့်လည်း သူ့မျက်နှာမှာ အပြုံးနှင့်တူတာဆိုလို့ အရိပ်အယောင်တောင် မတွေ့ရချေ ။

" Jungkook "

" ဟင် "

မျက်နှာလေး မကောင်းဖြစ်နေသည့် Jungkookကိုကြည့်ကာ Jiminလည်း စိတ်မကောင်းဖြစ်မိသည်။ ဖခင်ဖြစ်သူ Jemondကတော့ မေးပါသည်။ Jungkookနှင့်အတူ Australiaမှာ ကျောင်းသွားတက်ချင်လားဟူ၍ပင်။ သူ ချက်ချင်းဆိုသလို ငြင်းဆိုမိပါသည်။ Jungkookနှင့်တူတူမတက်ချင်တာ မဟုတ်ဘဲ Switzerlandနိုင်ငံကနေ မခွဲချင်သလို၊ မိဘဖြစ်သူတွေကိုလည်း လေးနှစ်ကျော်တောင် မထားခဲ့ချင်တာကြောင့်ဖြစ်သည်။

Jungkookသာသိလျှင် သူ့ကိုစိတ်ဆိုးနိုင်ပါသည်။ သူနဲ့ကျ လေးနှစ်တောင် ခွဲနိုင်တာလားဆိုပြီး မေးမည်ဆိုတာကိုလည်း ကြိုသိနေပြီးသားကြောင့် သည်ကိစ္စနှင့်ပတ်သက်ပြီး မပြောထားတာဖြစ်သည်။

" စကားခဏပြောရအောင် Jungkook "

" အင်း "

သူမတို့လည်း သူတို့နှစ်ယောက် အေးဆေးစကားပြောလို့ရအောင် တမင်လွှတ်ထားပေးလိုက်ကြသည်။

______

" ဒီရေတံခွန်လေးဆီတောင် မလာဖြစ်တာကြာပေါ့။ "

" မင်းသာ မလာတာပါ။ ငါက ခဏခဏရောက်နေကျ ။ "

" သြော် ... ပြောအားရှိတယ်။ မင်းအိမ်နဲ့က နီးတာကိုးးကွ။ ငါနဲ့က ဝေးတယ်လေ။ အာ့ဂုကတော့နော်။ "

IN THE HEART AND HALF Where stories live. Discover now