La dernière partie

2K 342 372
                                    

Unicode

" ဖုန်းချသွားတာလား Jimin "

" ဟင့်အင်း "

ပြန်ဖြေလာတာက တကယ်တိုးတိုးလေး။ Jungkookလည်း စိတ်မကောင်းဖြစ်မိပါသည်။ လေးနှစ်ဆိုသည့်ကာလကို ကျော်ဖြတ်ပြီးတာနှင့် သူတို့နှစ်ယောက် နောက်ထပ်ခွဲစရာမလိုတော့ဘူးဆိုပြီး နှစ်ယောက်စလုံး ပျော်နေတာကြတာလေ။ Jiminက နောက်ထပ် Diploma တွေ ဆက်တက်ပြီး တခြားကုမ္ပဏီမှာ အလုပ်ဝင်နေပြီဖြစ်သည်။ Jemondက အရင်းအနှီး ထုတ်ပေးမည် ပြောသော်လည်း အရင်ဆုံး လုပ်ငန်းအတွေ့အကြုံယူပါရစေဟု ဆိုကာ အခြေခံကနေ စတင်၍ အလုပ်ဝင်နေခြင်းပင်။

သူတို့နှစ်ယောက် တိုင်ပင်ထားသည့်အတိုင်း Jiminလည်း အလုပ်ရနေပြီ။ Jungkook ပြန်လာဖို့ပဲ လိုတော့တာ။ Jungkook ပြန်လာပြီး အလုပ်လုပ်။ စုနိုင်ဆောင်းနိုင်ကြသည့်အခါကျ နှစ်ယောက်သား တစ်အိုးတစ်အိမ် ထူထောင်ကြမည် စသည်ဖြင့်ပေါ့။

" ငါတောင်းပန်ပါတယ် Jiminရာ။ ဒီမှာ အလုပ်လုပ်တာက အဲ့မှာလုပ်တာနဲ့ ကွာတယ်လေကွာ။ ပိုက်ဆံလည်း ပိုရသလို ကျောင်းက တစ်ခါတည်း ချိတ်ပေးမှာဆိုတော့ ပိုအဆင်ပြေတာပေါ့။ မဟုတ်ဘူးလား။ "

Jiminနှင့် ထပ်ပြီး မခွဲချင်တော့ပေမယ့် ရှေ့ရေးအတွက် ကြည့်မယ်ဆို Australiaမှာက အလုပ်က ပိုအဆင်ပြေသည်။ သူလည်း တော်တော် ခေါင်းစားခံပြီးတော့မှ ဆုံးဖြတ်လိုက်ရတာ ဖြစ်သည်။

" အဲ့တာဆို အဲ့မှာပဲ အပြီးနေတော့မှာလား "

" အဲ့တာက ... "

Jungkookအတွက် ပြောစရာစကား ပျောက်ရှသွားသည်။ သူ ဘာကို ဆိုလိုချင်သလဲဆိုတာ Jungkookလည်း သိပါသည်။

" အလုပ်လုပ်ချင်တဲ့စိတ်ကို ငါ အပြစ်မပြောဘူး Jungkook။ ဒါမဲ့ ဘယ်အချိန်ထိလဲ။ အဲ့မှာ ဘယ်အချိန်ထိ နေပြီး အလုပ်လုပ်မှာလဲ။ ငါကရော ဘယ်အချိန်ထိ မင်းကို စောင့်နေပေးရဦးမှာလဲ။ "

" Jimin "

နှစ်ယောက်စလုံး အတန်ကြာသည်အထိ ဘာမှမပြောဘဲ နေကြသည်။ ဖုန်းကိုလည်း မချသေးဘဲ သည်တိုင်း တိတ်ဆိတ်နေကြတာ ဖြစ်သည်။ သူတို့မှာ ပြောစရာတွေ ကျန်နေသေးတယ်ဆိုတာ စိတ်ထဲကနေ အလိုလို ခံစားမိနေတာကြောင့် နှစ်ယောက်စလုံးသည် ဖုန်းမချသေးဘဲ ဘယ်သူ့ဘက်က အရင် စပြောလာမလဲဆိုတာကို နားစွင့်နေကြ၏။

IN THE HEART AND HALF Where stories live. Discover now