Numéro trois

2.1K 418 32
                                    

Unicode

" ဟေး ဘာလုပ်နေတာလဲ ? "

ပီပီပြင်ပြင်မကြားရသည့်အော်သံကြောင့် သူလှည့်ကြည့်လိုက်တော့ အိမ်ရှေ့မှရပ်နေကာ ခါးထောက်လျက် သူ့ကိုခေါ်နေပုံရသည့်သူ၏အဖေကို ရေးတေးတေးတွေ့လိုက်ရသည်။ သူရပ်နေသည့်နေရာနှင့်အနည်းငယ်မျှကွာဝေးတာကြောင့် သေသေချာချာမမြင်တွေ့ရတာဖြစ်သည်။ သူလည်းလက်ပြန်ပြလိုက်ပြီး ပြေးကာသွားလိုက်သည်။

" Mr.Fortin "

" အဲ့မှာဘာလုပ်နေတာလဲ Danton ? "

ပြေးလာတာကြောင့် အနည်းငယ်မြန်နေသည့်အသက်ရှူ သံတို့ကြား သူစကားပြောရန်သိပ်အဆင်မပြေသေး။ ပုံမှန်အတိုင်းဖြစ်သွားပြီဆိုတော့မှ စကားဆို၏။

" အဲ့ဘက်တွေကိုမမြင်ဖူးလို့လျှောက်ကြည့်နေတာပါ။ အရမ်းလှတာပဲ "

သူ၏အပြောကို Jemondက ခေါင်းတညိတ်ညိတ်လုပ်ရင်း

" မနေ့ပြောထားတဲ့အတိုင်း နောက်နေ့ကျရင် ဒီထက်ပိုလှတဲ့ရွာတွေ၊မြို့တွေဆီကို လိုက်ပို့ပေးမယ်။ အခုတော့ မင်းအမေပြန်ရောက်နေပြီ။ အိမ်ထဲခဏဝင်ကြတာပေါ့။ "

Jemondက ရှေ့မှဦးစွာအိမ်ထဲသို့ဝင်သွားသည်။ သူလည်း အနောက်ကနေလိုက်၍ဝင်သွားသည်။ သူ့အားမလှမ်းမကမ်းမှ ချောင်းကြည့်နေသည့်ခပ်ရေးရေးပုံသဏ္ဌာန်လေးကိုတော့ အမှတ်မဲ့စွာ သူသတိမထားမိလိုက်ချေ ။

" ဘယ်ကိုသွားနေတာလဲ maman ? "

သူ့အမေ၏လက်ထဲတွင် ပိတ်စလေးတစ်ထည်။ တော်တော်လှသည့်အရောင်လေး။ အပြာနုနှင့်ခရမ်းနက်ကို စပ်ထားတဲ့အရောင်လေးက သူမ,အကြိုက်ဆုံးအရောင်ဆိုလည်း မမှား။

" အဲ့တာကဘာလုပ်မလို့လဲ maman ? "

" ဒီချည်ထည်လေးလှလို့။ mamanလိုချင်တဲ့ပုံစံလေးမျိုး ရက်ပေးနိုင်မယ့်သူရှိမှ ဒါလေးကိုအပ်မယ်ဆိုပြီး ဝယ်လာတာ။ "

Mamanသည် Swissလူမျိုးပီသပါပေသည်။ ကိုရီးယားတွင် ဘယ်လောက်ပဲအနေကြာပါစေ။ သူ့နိုင်ငံ၏ဓလေ့ယဉ်ကျေးမှုတို့ကိုလည်း မြတ်နိုးသည့်သူပင်။ သူမ,ပျော်နေသည့်ပုံစံကြောင့် သူလည်းထပ်တူပျော်ရွှင်မိသည်။

IN THE HEART AND HALF Where stories live. Discover now