Numéro vingt et un

1.6K 350 132
                                    

Unicode

" ငါ့ကလေးက အရမ်းဝမ်းနည်းနေတာပဲ "

သူ့စကားကြောင့် အတင်းအကြပ် ပွေ့ဖက်ထားပြီး အသည်းအသန် ငိုနေသည့်သူက ဖက်ထားရာမှ ခဏခွာကာ ကြည့်လာသည်။ ပြီးနောက် နောက်တစ်ကြိမ်ပြန်ပွေ့ဖက်ကာ တအိအိဖြင့် ငိုပြန်လေ၏။ သူကတော့ စကားလုံးတွေဖြင့် ချော့ဖို့ထက် ကျောပြင်ကျယ်ကိုသာ ခပ်ဖွဖွလေး ပုတ်ကာ ချော့မြူ နေလိုက်သည်။ သူသိပါသည်။ အခုချိန်မှာ စိတ်သက်သာရာရအောင် စကားလုံးတွေနဲ့နှစ်သိမ့်ခြင်းထက် သည်လိုလေးက ပို၍ထိရောက်သည်ဆိုတာကိုလေ။

" လေးနှစ်ဆိုတဲ့အချိန်က တကယ်တော့ ဖင်လှည့်ခေါင်းလှည့်နဲ့ ပြီးသွားတာပါပဲ။ ပြီးတော့ မင်းက အခုချက်ချင်းဗြုန်းစားကြီး သွားရမှာမှ,မဟုတ်တာ။ ကြားထဲမှာ အချိန်သုံးလကျော်ကျော်လောက် ကျန်သေးတာပဲလေ။ စာမေးပွဲပြီးတာနဲ့ အဲ့အချိန်တွေအတွင်းမှာ နောက်လေးနှစ်စာအတွက် ကြိုချစ်ပေးပါ့မယ်။ "

ပြောလိုက်တော့ တအိအိ၊တရှုံ့ရှုံ့ဖြင့် ငိုနေသည့်သူက ဖက်ထားရာမှခွာကာ မကျေနပ်သောမျက်နှာအမူအယာဖြင့် ကြည့်လာ၏။ စကားမှားသွားလို့များလား။

" ဟုတ်တယ်၊ စကားမှားသွားတာ "

သူ့စိတ်ကို သိနေသည့်ကောင်လေးကြောင့် ပြုံးဖြစ်အောင် ပြုံးလိုက်မိသေးသည်။

" ပြောပါဦး၊ ဘာများအမှားပါသွားလို့ ငါ့ကလေးလေးက ဆူပုတ်သွားရတာတုန်းဆိုတာ "

' ကလေးလေး ' ဆိုသည့် အသုံးအနှုန်းက Jungkookအတွက် ကသိကအောက် နိုင်သော်ငြားလည်း ခေါ်နေသည့်သူက တခြားသူ မဟုတ်ဘဲ သူ့ကောင်လေးဖြစ်နေသောအခါ သူ့မှာ အထွန့်မတက်ရဲပေ။

အသက်ပြည့်ပြီးသားသူ့ကို မိခင်ဖြစ်သူက ကလေးတစ်ယောက်သဖွယ် ဆက်ဆံပြောဆိုလာလျှင်တောင် သူကကြိုက်တာမဟုတ်။ သို့သော်လည်း ယခုတွင်တော့ ကောင်လေးဖြစ်သူက သားတစ်ယောက်လိုတောင် သတ်မှတ်ထားလေသလား မပြောတတ်။

တွေးချင်ရာတွေးလိုက်မိပြီး ငိုနေရာမှ တစ်ချက်ထရယ်မိသည်။ မျက်နှာတစ်ခုလုံး မျက်ရည်တွေဖြင့် ပေကျံနေရာမှ လှစ်ခနဲဆိုသလို ရယ်လိုက်သည့်သူ့ပုံစံက အရူးလေးသဖွယ်။ အရှေ့က အညစ်အပေလေးကိုကြည့်ပြီး Jiminသည် မထိန်းနိုင်ဘဲ မျက်ရည်အဝဲသားနှင့်အတူ အော်ရယ်မိတော့သည်။ သူတို့နှစ်ယောက်အဖြစ်ကမှ တကယ့်ရယ်ရခက်၊ ငိုရခက်ပါပင်။

IN THE HEART AND HALF Where stories live. Discover now