Numéro dix-neuf

1.5K 339 110
                                    

Unicode

" မြန်မြန်နင်းစမ်းပါ ! "

" အခုလည်း အနေတော်ပါပဲ။ စိတ်တိုစရာရှိလို့လား ? "

သူ့လက်တွေ၏ယှက်နွယ်ထားခြင်း ခံရသည့် ခါးပိုင်ရှင်၏ကျောပြင်ကြီးကို အုန်းခနဲမြည်အောင် ရိုက်ပစ်ချင်လိုက်ပါဘိ။ အခုလည်း သူဘာဖြစ်နေသလဲဆိုတာကို မသိပေမယ့် စိတ်အလိုမကျဖြစ်နေသည်ကိုတော့ သိနေသည်။ မေးတာကိုမဖြေဘဲ ခါးကိုဖက်ထားသည့် လက်တွေကိုသာ ပိုအားထည့်လိုက်သည်။

" စိတ်တိုစရာရှိလို့လားလို့ Minie ? "

" မရှိဘူး ! မြန်မြန်သာနင်းစမ်းပါ။ ကျောင်းနောက်ကျရင် မင်းတော့အသေပဲ။ "

ဝှက်သယ်ဟဲလ်လို့ စိတ်ထဲကနေ ဆဲလိုက်မိပါသည်။ သည်လို ကြမ်းကြမ်းတမ်းတမ်းစကားတွေ ပြောဖို့ စိတ်ထဲက တွေးတောင်မတွေးမိပါ။ တစ်ညလုံး မအိပ်ဘဲ ရင်ခုန်စွာ တွေးထားခဲ့သည်က မနက်ခင်းအနမ်းလေး ပေးပြီး၊ သူ နင်းသည့်စက်ဘီးနောက်သို့ ပျော်ပျော်ရွှင်ရွှင်လိုက်ပြီး၊ ခါးကိုတင်းကျပ်နေအောင် ဖက်ထားမည်ဆိုပြီးတော့ပေါ့။

မနက်လည်းရောက်တော့ သောက်သောက်လွဲ,လွဲတာပါပဲ။ မနေ့ညက နမ်းခဲ့ကြပြီးတော့များ အတိတ်မေ့သွားသလားတော့ မပြောတတ်။ ဘာများမဖြစ်ခဲ့ကြသလိုပဲ ခပ်အေးအေး ပြုမူနေသည့်သူကြောင့် ခုန်နေသည့် ရင်ခုန်သံတွေတောင် ဘယ်ချောင်ကပ်သွားမှန်းမသိ။

ထို့ကြောင့်လည်း မကျေမနပ်ဖြစ်ကာ အကြောင်းမဲ့ အော်ငေါက်နေမိခြင်းပင်။ တီတီတာတာ မပြောတတ်သော်လည်း ကြိုးစားပြောကြည့်မည်ဆိုပြီး ညလုံးပေါက် ပါးစပ်က လေ့ကျင့်တာတွေလည်း အခုအချိန်မှာတော့ ထွက်လာတာက

" ငနာ၊ မြန်မြန်နင်းစမ်းပါ ! အသေပဲ ! ငါ့လက်စာမိတော့မှာပဲ၊ သေချင်ရင်ပြောနော် ! " ဆိုတာတွေပါပဲ။

ကျောင်းသို့ နင်းလာသည့် တစ်လမ်းလုံး ထိုစကားတွေဖြင့် အတော်လေး ကြည်နူးသာယာစရာတွေ ဖြစ်နေပါသည်။

သို့သော်လည်း ဘယ်လောက်ပဲ အော်ငေါက်ဆဲဆိုနေပါစေ၊ ခန္ဓာကိုယ်ခပ်ထွားထွား အနေအထားရှိသည့် ကောင်လေးကတော့ ပြုံးမြဲပြုံးနေတုန်း။ ခါးအတင်းဖက်ခံထားရတာကြောင့် အသက်ရှူ နည်းနည်းကြပ်ပေမယ့်လည်း မျက်နှာတစ်ချက်တောင်မမဲ့။ အနောက်က ပိစိကွစိကတော့ ထုဖို့ထောင်းဖို့ပဲ တွေးကြံနေဆဲပင်။

IN THE HEART AND HALF Where stories live. Discover now