Numéro dix

1.5K 362 46
                                    

Unicode

" သူက ငါ့ကိုသဘောကျလို့တဲ့ "

လက်ထဲက စာအိတ်အပြာလေးကို ဖွဖွယယ ကိုင်ရင်း Jiminက ပြောသည်။ ရှက်နေတာလား၊ သဘောမကျတာလား သူကိုယ်တိုင်သာ သိမည်ထင်သည်။

အထက်တန်း ဒုတိယနှစ်သို့ရောက်တော့ Jiminသည် ရည်းစားစာ ပေးခံရသည်။ ပထမနှစ်ကတည်းက ကျောင်းမှာ အနည်းငယ် လူသိများပေမယ့် အခုလောက်ထိတော့ မဟုတ်။ အခုက စန်းပွင့်သည့်အချိန်နှင့် ကိုက်သွားသည်ထင်ပါ့။ အဲ့တုန်းက ကျောင်းပြောင်းလာသည့် ကပြားလေးကို စိတ်ဝင်စားကြပေမယ့် ကြိုက်ကြတာမျိုးတော့ မဟုတ်ခဲ့။ အခုမှာတော့ ရည်းစားစာရော၊ ရည်းစားစကားပါ အပြောခံလိုက်သည်။ ကပြားမျက်နှာပေါက်လေးနှင့် ချစ်စရာခန္ဓာကိုယ်လေးကို ယောက်ျားလေးတွေရော၊ မိန်းကလေးတွေကပါ သဘောကျကြတာ မဆန်းပါလေ။

သည်တစ်ခါတော့ ရည်းစားစာပေးသည့်အပြင် ရည်းစားစကားပါ ပြောလိုက်သေးသည်။ ပြီးတော့ သည်တစ်ခါက ယောက်ျားလေးပင်။ သေချာပြောရလျှင် သူတို့အခန်း၏ဘေးခန်းက ကောင်လေး။ Jungkookကတော့ ဘာမှမပြောဘဲ မျက်နှာလေး ရဲနေသည့် ဂျီမင့်ကိုသာ ကြည့်နေမိသည်။

" တစ်ခုခုပြောဦးလေကွာ "

အားမရစွာဖြင့် ဆူအောင့်ပြီးပြောလာသည့် Jiminကြောင့် Jungkookသည် မျက်လုံးလေး ပေကလပ်၊ပေကလပ်ဖြင့်။ " ဘာပြောရမှာလဲ " ဆိုသည့် ပုံစံလေး လုပ်ပြလိုက်တော့ Jiminက နှာမှုတ်သည်။ ပြီးနောက် ဆောင့်အောင့်ကာ ထွက်လာ၏။ ဒါဟာ သူ တော်တော်မကျေမနပ် ဖြစ်နေပြီဆိုတာကို ပြလိုက်တာပင်။

စိတ်ကောက်သွားသည့် သူငယ်ချင်းလေး၏အနောက်ကို လိုက်ကာ ချော့ရပြန်သည်။ ကျောင်းအင်္ကျီလက်ကလေးကို ဆွဲလိုက်သော်လည်း သူ့ကိုလှည့်ကြည့်မလာပေ။ စက်ဘီးတွေ စီထားသည့်နေရာသို့ အရင်ရောက်သွားသူက Jungkookကို စောင့်နေသည်။ မစောင့်ဘဲ နင်းသွားလျှင် သူပဲ ပင်ပန်းမှာလေ။ Jungkook နင်းတဲ့နောက်ကနေ လိုက်စီးရတာက သူ့အတွက် ပိုဇိမ်ရှိသည်။

ဟုတ်ပါသည်၊ သူ့ကျေးဇူးဖြင့် Jungkookသည် စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် နင်းတတ်သွားပြီ ဖြစ်သည်။ နှစ်နှစ်ကျော် ကာလကို ဖြတ်သန်းသွားပြီးသည့်နောက် ဘာတွေပြောင်းလဲလာသလဲဆိုတော့ Jungkookသည် သူ,မလုပ်နိုင်သော အရာများကို လုပ်နိုင်လာသည်။ ကူညီပေးသူကလည်း Jiminပင်။ ပို၍လည်း ကြည့်ကောင်းလာပြီး လူပျိုရုပ်လေး ပိုပေါက်လာသည်။ နှုတ်ခမ်းမွှေး ရေးရေးလေးတွေက အစိမ်းရောင် သမ်းနေပြီး ဆိုးဆေးမလိုဘဲ နှုတ်ခမ်းတွေက သွေးရောင်သမ်းနေသည်။ ဝက်ခြံလေးတွေ ဟိုတစ်စ၊ သည်တစ်စ ပေါက်လာသော်လည်း Jungkookဟာ ကြည့်ကောင်းနေတုန်း။

IN THE HEART AND HALF Where stories live. Discover now